နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟယ်ရီပေါ်တာ ဝတ္ထု ပထမဆုံးမျက်နှာဖုံး သရုပ်ဖော်ပုံကို လေလံတင်မည်

နယူးယောက် ဇွန် ၂၄

ဟယ်ရီပေါ်တာဝတ္ထု၏ ပထမဆုံး မူရင်း မျက်နှာဖုံးသရုပ်ဖော်ပုံကို လေလံ တင်မည်ဖြစ်ကြောင်း Sotheby's နယူး ယောက် လေလံအဖွဲ့က ပြောသည်။

အဆိုပါသရုပ်ဖော်ပုံကို ရေးဆွဲသူ သည် အနုပညာရှင် သောမတ်စ်တေလာ ဖြစ်ပြီး ၎င်းသည် စာရေးဆရာမ ဂျေကေ ရိုးလင်း၏ မူရင်းဟယ်ရီပေါ်တာ စာမူ ကို ပထမဆုံး ဖတ်ရှုခွင့်ရခဲ့သူလည်း ဖြစ် သည်။

ရေဆေးနှင့် ခဲတံအနက်သုံးပြီး သရုပ်ဖော်ပုံကို နှစ်ရက်အတွင်း ရေးဆွဲ ခဲ့ခြင်းဖြစ်ကာ ထိုစဉ်က ဂျေကေ ရိုးလင်းကိုယ်တိုင်သည်လည်း ကျော် ကြားခြင်းမရှိသေးဘဲ အနုပညာကျောင်း ဆင်းကာစ သရုပ်ဖော်ပုံ ရေးဆွဲရန် အလုပ်ရှာဖွေနေသည့်  တေလာနှင့် တွေ့ဆုံ၍ မျက်နှာဖုံးပုံရေးဖြစ်ခဲ့ခြင်း ဖြစ်သည်။

တေလာသည် လန်ဒန်ရှိ ဘလွန်းစ် ဘာရီရုံးခန်းတွင် အလုပ် လာရောက် ရှာဖွေနေစဉ် နဂါးပုံများရေးထားသည့် ပုံကြမ်း စာရွက်ကို ဘလွန်းစ်ဘာရီရှိ ထုတ်ဝေသူ ဘယ်ရီကန်နင်ဟမ်က မြင်တွေ့သွားရာကတစ်ဆင့်  ဟယ်ရီ ပေါ်တာ ဝတ္ထုအတွက် သရုပ်ဖော်ပုံ ရေးခိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ သရုပ်ဖော်ပုံမူရင်းကို ဇွန် ၂၆ ရက်တွင် လေလံစတင်မည်ဖြစ်ပြီး ဒေါ်လာ လေးသိန်းနှင့် ခြောက်သိန်း ကြားရရှိနိုင်ရန် လေလံအဖွဲ့က ခန့်မှန်း ထားကြောင်း သိရသည်။









(ref: Reuters)






အခြားဆက်စပ်သတင်းများ