နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
MRNA ကင်ဆာကာကွယ်ဆေး စမ်းသပ်မှုရလဒ် ကောင်းမွန်နေ

ဝါရှင်တန် ဇွန် ၂၄

MRNA ကင်ဆာကာကွယ်ဆေး၏ ပထမဆုံးအကြိမ် လက်တွေ့ စမ်းသပ် ချက်တွင် ဦးနှောက် ကင်ဆာဆဲလ် များကို တိုက်ထုတ်နိုင်သဖြင့် ရလဒ် ကောင်းမွန်ကြောင်း  ဖလော်ရီဒါ တက္ကသိုလ် ပါမောက္ခများက ပြောကြား သည်။

စမ်းသပ်မှုတွင် လူနာလေးဦး၏ အကျိတ်များထဲမှ MRNA ဟုခေါ်သည့် မျိုးဗီဇပစ္စည်းကို ရယူကာ အန္တရာယ် ပြုဗိုင်းရပ်စ်ကဲ့သို့ ရစ်ပတ် ထုပ်ပိုးပြီး သွေးလမ်းကြောင်းထဲ ထည့်သွင်းခြင်း ဖြင့် ကိုယ်ခံအားစနစ်ကို အလုပ်လုပ် စေခြင်း ဖြစ်သည်။

အမှုန်တစ်မျိုးစီ ထည့်သွင်းစမ်း သပ်ခြင်း မဟုတ်ဘဲ အမှုန် အစုအဝေး ကြီးကို ထုပ်ပိုးပြီး ထည့်လိုက်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကို ပိုမို သိသာစွာ အလုပ်လုပ်စေနိုင်ကြောင်း ကာကွယ် ဆေး ဦးဆောင်ဖန်တီးသူ အယ်လီယက်စ် ဆေယော်က ပြောသည်။ 

၄၈ နာရီအတွင်း ယခုကဲ့သို့ရလဒ် ဖြစ်ပေါ်လာပြီး ကင်ဆာကို စောစီးစွာ ကာကွယ်နိုင်မည် ဖြစ်ကာ စမ်းသပ်ခံ လူနာများသည်လည်း ယခင် မျှော်လင့် ထားသည်ထက် ပိုမိုကြာရှည်စွာ အသက် ရှင်နိုင်သဖြင့် လက်တွေ့စမ်းသပ်ချက် များကို တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ် ကြောင်း သိရသည်။     

 








(ref:Daily Mail)






အခြားဆက်စပ်သတင်းများ