ဇွန် ၂၃ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ကြီးကြပ်မှုဖြင့် ဧကရာဇ်ရပ်ကွက်၊ ဉာဏလမ်းရှိ ဧကရာဇ်ရိုးချောင်း၊ ဧကရာဇ်ရပ်ကွက်နှင့် ရဲစုတောင်ရပ်ကွက်လမ်းဆုံကြားရှိ ဧကရာဇ်ရိုးချောင်း၊ ရဲစုတောင်ရပ်ကွက်၊ သဲကုန်းလမ်းရှိ သဲဖြူချောင်း လမ်းဆုံ ရပ်ကွက်၊ ပြည်လမ်းရှိ ရုပ်ရှင်ရုံချောင်း၊ ပေါက်ကုန်းရပ်ကွက်၊ ဧရာဝတီလမ်းရှိ ရေမြောင်း၊ ပေါက်ကုန်းရပ်ကွက်၊ ကံကော်လမ်းရှိ သမာဓိ ရေမြောင်း၊ ချစ်တီးကုန်းရပ်ကွက်၊ ဗဟိုလမ်းရှိ ရေမြောင်းအတွင်း "အလျား ၆ အနံ ၂ ပေ ၆ လက်မ အရွယ်အစားရှိ" ရေမြောင်းထဲ အမှိုက်ပစ်ပါက ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူမည်" သတိပေးဆိုင်းဘုတ်များစိုက်ထူ၍ ဆိုင်းဘုတ်ဝန်းကျင် သပ်ရပ်သစ်လွင် စေရေး ဆေးသုတ်မွမ်းမံခြင်း၊ သန့်ရှင်းသာယာလှပရေး အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။
မလတ်