ဇွန် ၂၃
အာဆင်နယ်အသင်းကစပို့ တင်းလစ္စဘွန်းအသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြသလျက် ရှိသည့် တိုက်စစ်မှူး ဂိုကီရက်စ် ကို ခေါ်ယူနိုင်ရန် နီးစပ်လျက်ရှိ ကြောင်းသိရသည်။
အာဆင်နယ်အသင်းနည်း ပြ အာတီတာသည် ပြီးခဲ့သည့် ဘောလုံးရာသီက အထောင် တိုက်စစ်ပိုင်းတွင် လိုအပ်ချက် များရှိနေသည့်အတွက်အင်အား ဖြည့်တင်းရန် ကြိုးပမ်းနေပြီး အစောပိုင်းက လိုက်ပ်ဇစ်အသင်း လူငယ်တိုက်စစ်ကစားသမား ဆက်ကိုအား ခေါ်ယူရန် ကြိုး ပမ်းခဲ့သော်လည်း ဆက်ကိုက လိုက်ပ်ဇစ်အသင်းနှင့်သာ သက် တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့သဖြင့် ဂိုကီရက်စ်ကိုသာ ခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
အသက် ၂၆ နှစ်အရွယ်ရှိ ဂိုကီရက်စ်သည် ပြီးခဲ့သည့်နှစ် နွေရာသီကစားသမားအပြောင်း အရွှေ့ကာလက အင်္ဂလန်ချန်ပီ ယံရှစ်ကလပ် ကိုဗင်ထရီအသင်း မှ စပို့တင်းလစ္စဘွန်းအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်ခြေစွမ်းပြသ နိုင်ခဲ့ကာ ပြိုင်ပွဲစုံ သွင်းဂိုး ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့သကဲ့သို့ ပေါ်တူဂီလိဂ်ပြိုင်ပွဲတွင်လည်း ၂၉ ဂိုးထိ သွင်းယူကာ သွင်းဂိုး အများဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
အာဆင်နယ်အသင်းက ဂိုကီရက်စ်ကို ခေါ်ယူရန် ပုဂ္ဂိုလ် ရေးအရ သဘောတူညီမှုရရှိ ထားပြီးနောက်ဆုံးအဆင့် ဆွေး နွေးမှုများ လုပ်ဆောင်ရန်သာ ကျန်တော့ကြောင်း သိရသည်။
သူရိန်