ဇွန် ၂၃
ဆားဘီးယား တင်းနစ်ကစား သမား ဂျိုကိုဗစ်သည် French Open တင်းနစ်ပြိုင်ပွဲတွင် ဒဏ် ရာရရှိကာ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ ရပြီးနောက် ယခုအခါ ဒဏ်ရာ အခြေအနေ ပြန်လည်သက်သာ လာပြီဖြစ်သည့်အတွက် တင်းနစ် လေ့ကျင့်မှုများ ပြန်လည်ပြု လုပ်နေပြီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အတည် ပြုပြောကြားခဲ့သည်။
ဂျိုကိုဗစ်သည် ဒူးဒဏ်ရာ ကို လိုအပ်သည့် ဆေးကုသမှု ပြုလုပ်ပြီးနောက် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်နိုင်ရေး လေ့ကျင့်မှုများ စတင်ပြုလုပ်နေခြင်းဖြစ်သည်။
"ကျန်းမာရန်နဲ့ ကြံ့ခိုင်မှာ ကောင်းရန်အတွက် ဦးစားပေး ဆောင်ရွက်နေပါတယ်။ ပြိုင်ပွဲ တွေမှာ အမြန်ဆုံးပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက်လဲ ပစ်မှတ်ထား နေပါတယ်။ တင်းနစ်အားကစား ကို ချစ်မြတ်နိုးတဲ့ ကျွန်တော့်ရဲ့ စိတ်ကြောင့် ဒဏ်ရာကို အမြန် ဆုံးဆေးကုသမှုတွေ ပြုလုပ်ခဲ့ တာပါ။ အခုလေ့ကျင့်ပြင်ဆင်မှု တွေ ပြုလုပ်နေပါတယ်။ ပြိုင်ပွဲ တွေမှာ အမြင့်ဆုံး စွမ်းဆောင် ရည်တွေနဲ့ ကစားသွားနိုင်ရန် လဲ ပစ်မှတ်ထားနေပါတယ်"ဟု ဂျိုကိုဗစ်က ပြောသည်။
သူရိန်