ဇွန် ၂၂ ရက်က မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့မှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ ရန်ကုန်တပ်နယ်မှူးနှင့် တပ်မတော်သားများလူမှုရေးအသင်း အဖွဲ့များနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်းအင်အား (၁၄၆)ဦးဖြင့် အမှတ် (၄၇) ရပ်ကွက်၊ ဗိုလ်မှူးဗထူးလမ်းရှိ အမှတ် (၁) အခြေခံပညာ မူလတန်းကျောင်း စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ရာ ကျောင်းဝင်းအတွင်း မြက်ဖြတ်စက် နှစ်လုံးအသုံးပြု၍ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ Chain Saw တစ်လုံး အသုံးပြု၍သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်း အလင်းဖွင့်ခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိအမှိုက်နှင့် နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်များကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်း သယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန် လဲစစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက် ကြစဉ်။
မိုးမြင့်မောင်