ဒါကာ၊ဇွန် ၂၃
မုတ်သုံမိုးနှင့် အိန္ဒိယဘက်မြစ်ညာ မြစ် ရေလျှံမှုများကြောင့်ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းတွင်ရေကြီးရေ လျှံ မှု များဖြစ်နေပြီး လူဦးရေနှစ်သန်းကျော် သည် ရေဘေးအတွင်းပိတ်မိနေကြောင်း အာဏာပိုင်များက ဇွန် ၂၂ ရက်တွင် ထုတ်ပြန်သည်။
ယင်းအခြေအနေသည်ပိုမိုဆိုးရွား လာနိုင်ပြီး ပိတ်မိနေသည့် ဒေသခံများ တွင် ကလေးသူငယ်ပေါင်း ၇၇၂,၀၀၀ ကျော် ပါဝင်နေသဖြင့် အကူအညီ များ အရေးကြီး လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီယူနီဆက်က ပြောသည်။
ကလေးငယ်များသည် ခံနိုင်ရည် အားအနည်းဆုံးသူများဖြစ်ပြီး ရေနစ် ခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ရေကြောင့် ဖြစ်သည့် ရောဂါများ၊ အိုးမဲ့အိမ်မဲ့အနေ အထားနှင့် လူနေထူထပ်သည့် ခိုလှုံရေး စခန်းများတွင် အန္တရာယ်များနှင့်ရင်ဆိုင် နေရကြောင်း ယူနီဆက်၏ ဘင်္ဂလား ဒေ့ရှ် ဌာနေကိုယ်စားလှယ် Sheldon Yett က ပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ် မိုးလေဝသဋ္ဌာနက လာမည့်ရက်အနည်းငယ်အထိမိုးရွာသွန်းမှုများ ဆက်လက်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး ရေကြီးမှုအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကာ ကုန်းမြင့်ဒေသ များတွင်လည်း မြေပြိုမှုများ ဖြစ်လာနိုင် သည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ပြီးခဲ့သည့် မေလကုန်ပိုင်းက ဝင်ရောက်တိုက် ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်မှ လွတ်မြောက်စ အခြေအနေတွင် ယခု ကဲ့သို့ သဘာဝဘေးထပ် ကြုံလာရခြင်း ဖြစ်သည်။
(ref:CNA)