ဝါရှင်တန်၊ဇွန် ၂၃
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်တွင် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ရက်အထိ ကျင်းပမည့် အိုလံပစ်အားကစားပွဲများ တွင် ယှဉ်ပြိုင်ကြမည့်အမေရိကန်အိုလံ ပစ်အသင်းသည် ကိုယ်ပိုင်လေအေးပေး စက်များကို ယူသွားမည်ဟု ပြောသည်။
သဘာဝပတ်ဝန်းကျင် မထိခိုက်စေ ရန် ပဲရစ်အိုလံပစ်ပွဲများကိုစီစဉ်နေ သည့်အပေါ် အမေရိကန်အိုလံပစ် အသင်းက အသိအမှတ်ပြုသော်လည်း အမေရိကန် အားကစားသမားများ၏ စွမ်း ဆောင် ရည် အကောင်းဆုံးဖြစ်ရန် အဓိက ဦးစားပေးလိုခြင်းကြောင့် ကိုယ်ပိုင်လေအေးပေးစက်များသယ်ယူ မည်ဖြစ်ကြောင်း အမေရိကန်အိုလံပစ် နှင့် မသန်စွမ်းအိုလံပစ်အဖွဲ့ အမှုဆောင် အရာရှိချုပ် Sarah Hirshland က ပြောသည်။
အိုလံပစ်ပြိုင်ပွဲဝင်ကြမည့် အမေရိကန် အားကစားသမားများနှင့် တိုင်ပင် ပြီးနောက် ယခုကဲ့သို့ ကိုယ်ပိုင်လေ အေးပေးစက်များကို ပဲရစ်မြို့သို့ယူသွား ကြမည်ဖြစ်ပြီး ပဲရစ်မြို့သည် ဩဂုတ် တွင် အပူချိန် ပျှမ်းမျှ ၂၅ ဒီဂရီဆဲစီး ယပ်စ်အထိ ရှိကြောင်း သိရသည်။
ပွဲစီစဉ်သူများကမူ ပဲရစ်အိုလံပစ်ပွဲ တော် အားကစားကွင်းများ၊အားကစား သမားများ တည်းခိုမည့် နေရာများကို သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန် ပြင်ဆင်ထားပြီးအဆောက်အဦး များကို လည်း နေဒဏ်ခံနိုင်ရန် မျက်နှာစာများကို ဒီဇိုင်းထွင်ဆောက်ထားကာ ကြမ်းပြင် အောက် တပ်ဆင်ထားသည့် ပိုက်များ အတွင်း သဘာဝ မြေအောက်ရေလွှတ်ပြီး အခန်းများအေးသည့် စနစ်လုပ်ထား ခြင်းကြောင့် လေအေးပေးစက် မလိုအပ် ကြောင်း ပြောသည်။
(ref:AP)