နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယား ရောက်ရှိ

ဆိုးလ်၊ဇွန် ၂၃

တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန်၏ နျူကလီယားစွမ်းအင်သုံးလေယာဉ် တင်သင်္ဘောသည် တောင်ကိုရီးယား နိုင်ငံ ဘူဆန်ဆိပ်ကမ်းသို့ဆိုက်ရောက် လာပြီဖြစ်ကြောင်း တောင်ကိုရီးယားရေ တပ်က ဇွန် ၂၂ ရက်တွင် သတင်းထုတ် ပြန်သည်။  

သုံးနိုင်ငံ ခေါင်းဆောင်များသည် ၂၀၂၃ ခုနှစ် သြဂုတ်က ပြုလုပ်သော ဒေးဗစ်စခန်း ထိပ်သီးဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ရေလမ်းကြောင်းတွင် တရုတ်နိုင်ငံ၏ အပြုအမူများကို ရှုတ်ချပြီးနောက်နှစ်စဉ် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် သဘောတူညီကြခြင်း ဖြစ်သည်။ 

ရုရှား သမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်းမြောက်ကိုရီးယား နိုင်ငံသို့ အလည်အပတ်ရောက်ရှိပြီး ခေါင်းဆောင်ကင်မ်ဂျုံအန်နှင့် အပြန် အလှန် အကာအကွယ်ပေးရေး ကတိပြုမှု ပါဝင်သည့် သဘောတူညီချက်ကို လက် မှတ်ရေးထိုးခဲ့သည်။ 

ယင်းသို့ မြောက်ကိုရီးယားနှင့်ရုရှား တို့၏ မဟာမိတ်အရေးကြောင့်နျူကလီ ယား ဒုံးကျည်အစီအစဉ်များအပေါ် ဟန့်တားကြောင်းပြသရန်အမေရိကန် သည် ဂျပန်၊ တောင်ကိုရီးယားတို့နှင့် အတူ စစ်ရေးလေ့ကျင့်ရန် လေယာဉ်တင် သင်္ဘောနှစ်စင်းအထိ စေလွှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။








(ref:Reuters)






အခြားဆက်စပ်သတင်းများ