နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရို ၂၀၂၄ ပြိုင်ပွဲကွင်းအတွင်း ပျားများ ဝင်ရောက်

ဘာလင်၊ဇွန် ၂၃

ဂျာမနီနိုင်ငံ၏ ယူရို၂၀၂၄ ပြိုင်ပွဲ ကျင်းပသည့် အားကစားကွင်းတစ်ခုဖြစ် သော စတုဂတ်အသင်း၏ အိမ်ကွင်း Stuttgart Arena ၌ ပျားများကျူးကျော် ဝင်ရောက်လာမှုကြောင့် ရှင်းလင်းဖယ် ရှားနေရကြောင်းသိရသည်။

ဂျာမနီသည် ယခုကျင်းပနေသော ယူရို ၂၀၂၄ ပြိုင်ပွဲကို ကွင်းပေါင်း၁၀ ကွင်း တွင် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားပြီး စတုဂတ်အိမ်ကွင်း ဖြစ်သည့် ပရိသတ် ၅၁,၀၀၀ ဝင်ဆံ့သော Stuttgart Arena ၌ အုပ်စုပွဲစဉ် လေးပွဲနှင့် ကွာတားဖိုင်နယ် ပွဲစဉ်တစ်ပွဲကို ကျင်းပရန် သတ်မှတ်ထား ခြင်း ဖြစ်သည်။

သို့ရာတွင် ပြီးခဲ့သောအုပ်စုပွဲစဉ် တစ်ပွဲဖြစ်သည့် ဂျာမနီနှင့် ဟန်ဂေရီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်မတိုင်မီ အဆိုပါ Stuttgart Arena ၌ ပျားများ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ရှင်းလင်းဖယ်ရှားခဲ့ကြရကြောင်း သိရ သည်။

ပျားများသည် ကွင်းဘေးရှိကြော်ငြာ ဆိုင်းဘုတ်များတွင်  အသိုက်ဖွဲ့စုစည်းနေ ကြခြင်းဖြစ်ကာ လေ့ကျင့်သင်ကြား ပေးထားသော မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် အကာအကွယ်ဝတ်စုံများ၊ ဖိနပ်များ၊ နှာခေါင်းစည်းများဝတ်ဆင်၍ တစ်နာရီခန့် ကြာမြင့်သည်အထိ ရှင်း လင်း ဖယ်ရှားပြီးနောက် ဂျာမနီနှင့် ဟန်ဂေရီတို့၏ ပွဲစဉ်ကို ပုံမှန်အတိုင်း ကျင်းပနိုင်ခြင်း ဖြစ်သည်။

စတုဂတ်ကွင်းတွင် ပျားများ ကျူး ကျော် ဝင်ရောက်မှုသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ယခုနှစ် မေလက ယှဉ်ပြိုင်ကစားခဲ့သည့် စတု ဂတ်နှင့် ဘိုင်ယန် ပွဲမတိုင်မီကလည်း ယခုကဲ့သို့ ရှင်းလင်းဖယ်ရှားခဲ့ရကြောင်း သိရသည်။        







(ref:Reuters)






အခြားဆက်စပ်သတင်းများ