နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နျူကလီယားလက်နက်များ ဆက်တီထွင်မည်ဟု သမ္မတပူတင်ပြော

မော်စကို၊ဇွန် ၂၃

နျူကလီယားလက်နက်များကို ကမ္ဘာ့အကြီးဆုံး အဟန့်အတားတစ်ခုအဖြစ် ဆက်လက်တီထွင် ထုတ်လုပ်သွားမည်ဖြစ်ပြီး ယူကရိန်းရှိ ရုရှားစစ်တပ်အတွက် နောက်ဆုံးပေါ်လက်နက်များနှင့် ဒရုန်းများကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၂၂ ရက်တွင် ပြောသည်။

ရုရှားသည် ဗျူဟာမြောက် အဟန့်အတား အာမခံတစ်ခုအဖြစ် မြေပြင်၊ ရေပြင်နှင့် ဝေဟင်ပစ် နျူကလီယား ဒုံးကျည်သုံးမျိုးတွဲကို ထပ်မံတီထွင်ထုတ် လုပ်ရန် စီစဉ်နေပြီး ရုရှားစစ်တပ်၏ ဌာနများနှင့် ဌာနခွဲအားလုံး၏ တိုက်ခိုက်ရေး စွမ်းရည်များကို တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သမ္မတပူတင်က ပြောသည်။

ထို့ပြင် နိုင်ငံအတွင်း ဒီဇိုင်နာများ၊ အင်ဂျင်နီယာများနှင့် အလုပ်သမားများ၏ အရည်အသွေးများနှင့် ထူးခြားသည့် ဂုဏ်သတ္တိများကို အတည်ပြုထားသည့် နောက်ဆုံးပေါ်စနစ်များနှင့် အဆင့်မြင့် လက်နက်မော်ဒယ်များကို ဆက်လက် ထုတ်လုပ်၍ တိုက်ခိုက်ရေးမစ်ရှင်များ လုပ်ဆောင်မည်ဟုဆိုသည်။








(ref: Reuters)






အခြားဆက်စပ်သတင်းများ