ဇွန် ၂၂
အေဗီလာအသင်းသည်ချဲလ် ဆီးအသင်း ခံစစ်ကစားသမား မာအက်ဆန်ကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃၇ ဒသမ ၅ သန်း ဖြင့်ခေါ်ယူရန် သဘောတူ ညီမှု ရရှိခဲ့ကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ်ရှိခံစစ် ကစားသမား မာအက်ဆန်သည် ပြီးခဲ့သည့် ဘောလုံးရာသီက ဒေါ့ မွန်အသင်း၌ အငှားကစားခဲ့ရာ အသင်းနှင့်အတူ ဘွန်ဒက်စ်လီဂါ ၁၆ ပွဲ ပါဝင်ခွင့်ရခဲ့သည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း အသင်းအတွက် အဓိက ကစား သမားအဖြစ် ပါဝင်ခဲ့ပြီး ဒေါ့ပွန် အသင်းကို ဗိုလ်လုပွဲစဉ်အထိ ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ သည်။
ဒေါ့မွန်အသင်းက မာအက် ဆန်ကို အပြီးသတ်ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း ချဲလ်ဆီး အသင်းက တောင်းဆိုသည့် စတာလင်ပေါင် ၃၅ သန်းကို ပေး ချေလိုခြင်းမရှိသောကြောင့် အပြောင်းအရွှေ့မှာ မဖြစ် မြောက်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အေဗီလာအသင်း က မာအက်ဆန်ကို ခေါ်ယူရန် အမြန်ဆုံးချဉ်းကပ်ခဲ့ပြီး ချဲလ်ဆီး အသင်းက သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေးထက် အနည်း ငယ်တိုးမြှင့်ကာ စတာလင်ပေါင် ၃၇ ဒသမ ၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အေဗီလာအသင်းက ခြောက်နှစ် သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။
သူရိန်