ဒါကာ၊ ဇွန် ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ မြောက်ပိုင်း အိန္ဒိယနယ်စပ်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ ဖြစ်နေကြောင်း ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်များက ဇွန် ၂၁ ရက်တွင် ပြောသည်။
ရေကြီးမှုကြောင့် လယ်ကွင်းများနှင့် ရွာများ ရေဖုံးလွှမ်းနေသည်ကို မြင်တွေ့ ရပြီး မိုးသည်းထန်စွာ ဆက်လက်ရွာ သွန်းခြင်းကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း ရှိ ဆင်းလ်ဟတ်ဒေသထဲ ဖြတ်သန်း စီးဆင်းသည့် ဆာမာမြစ်တွင် မြစ်ရေ လျှံပြီး မြစ်ကြောင်းတစ်လျှောက်ရွာ များကို ရေဖုံးလွှမ်းနေကြောင်း သိရ သည်။
ဆင်းလ်ဟတ်ဒေသခံများသည် ဒူးအထိ မြင့်တက်နေသည့်ရေတော ထဲ သွားလာနေကြရပြီး ကျေးလက် ဒေသရှိ ပြည်သူ ၃၇၀,၀၀၀ ခန့် သည် ရေဘေးအတွင်း သောင်တင် နေကြောင်း တာဝန်ရှိသူများက ပြော သည်။
(ref: CNA)