နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချီလီတွင် ကြေးနီတင်ရထား နှင့် ခရီးသည်တင်ရထား တိုက်မိ

ဆန်တီယာဂို၊ ဇွန် ၂၂

ချီလီနိုင်ငံပိုင် မီးရထားကုမ္ပဏီ (EFE)က စမ်းသပ်ပြေးဆွဲသည့် ရထား တစ်စင်းနှင့်ပုဂ္ဂလိက ရထားကုမ္ပဏီပိုင် ကုန်တင် ရထားတစ်စင်း တိုက်မိသဖြင့် လူနှစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာ ရရှိကြောင်း အာဏာပိုင်များက ဇွန် ၂၂ ရက်တွင် ပြောသည်။

 ကြေးနီတန်ချိန် ၁၃၀၀ ကျော် တင်ဆောင်လာသည့် ပုဂ္ဂလိက ကုန် ရထားနှင့် EFE ခရီးသည်တင်ရထား တို့သည် မြို့တော်ဆန်တီယာဂို ဧရိယာ အတွင်း ညသန်းခေါင်ကျော် အချိန်တွင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်အမျိုးသားလေးဦးနှင့် စမ်းသပ်ရထားပေါ်ရှိ အမှုထမ်းများ ဒဏ်ရာရရှိထားပြီး လက်ရှိတွင် ဆေး ကုသမှုခံယူနေကာ သေဆုံးသူနှစ်ဦး သည် ပုဂ္ဂလိက ကုန်တင်ရထား၏ အော်ပရေတာများ ဖြစ်ကြောင်း သိရ သည်။ 

မတော်တဆမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေပြီး အစိုးရ ရှေ့နေရုံးက EFE အရာရှိ နှစ်ဦးကို ထိန်းသိမ်းထားကာ ကနဦး တွေ့ရှိချက်အရ အရှိန်နှင့်မောင်းနှင် လာသည့် စမ်းသပ်ခရီးသည်တင် ရထားသည် ရပ်နားထားသည့် ပုဂ္ဂလိက ကုန်ရထားကို ဝင်တိုက်မိခြင်းဖြစ် ကြောင်း သိရသည်။     








 (ref:Reuters)






အခြားဆက်စပ်သတင်းများ