နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းရှိသက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

ရန်ကုန်  ဇူလိုင်  ၅ ရက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ပြည်တွင်းရှိမဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးများသည် မိမိတို့ဌာနတည်ရှိရာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ဆက်သွယ်၍ ပုံစံ(၁၅)များကို ‌တောင်းခံနိုင်ရန်လည်းကောင်း၊ မဲဆန္ဒရှင်များ ဖြည့်သွင်းပြီးသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ၂၆-၈-၂၀၂၀ ရက်နေ့ အရောက်ပေးပို့သွားနိုင်ရန်လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို သက်ဆိုင်ရာဌာနများသို့ ၇-၁၀-၂၀၂၀ ရက်နေ့ အရောက်ပေးပို့သွားနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများတွင် ၈-၁၀-၂၀၂၀ ရက်နေ့မှ ၂၁-၁၀-၂၀၂၀ ရက်နေ့အတွင်း သင့်လျော်သည့် ရက်၌ ဆန္ဒမဲပေးနိုင်ရေးများ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ဆန္ဒပြုပြီး ကြိုတင်မဲလက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲခွဲများသို့ ၈-၁၁-၂၀၂၀ ရက်နေ့ ညနေ ၄ နာရီထက် နောက်မကျပဲ အရောက်ပေးပို့သွားနိုင်ရန်လည်းကောင်း အသိပေးကြေညာထားကြောင်း၊သက်ဆိုင်ရာ သင်တန်း၊ ကျောင်း၊  ဆေးရုံ၊ အချုပ်ခန်း အကြီးအမှူးများအနေဖြင့်လည်း ကြိုတင်ဆန္ဒမဲပေးမည့်ရက်ကို မိမိတို့ဌာနတည်ရှိရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ အနည်းဆုံး (၃)ရက် ကြိုတင်အကြောင်းကြား၍ ညှိနှိုင်းလုပ်ဆောင်သွားရန်ဖြစ်ကြောင်း၊ ဆေးရုံများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အကျဥ်းဦးစီးဌာန လက်အောက်ရှိ ရဲအချုပ်စခန်းနှင့် အကျဥ်းစခန်းများတွင် ၂၆-၈-၂၀၂၀ ရက်နေ့ နောက်ပိုင်းမှ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံတက်ရောက်ကုသရသူများနှင့် အချုပ်ခံနေရသူများ ရှိပါက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်သွယ်၍ ညှိနှိုင်း လုပ်ဆောင်သွားရန် ဖြစ်ကြောင်၊သို့ဖြစ်၍သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပတွင်  ရောက်ရှိနေသောသင်တန်း၊ ကျောင်း၊ ဆေးရုံ၊ အချုပ်ခန်းများရှိ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများကို ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်အတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် သက်ဆိုင်ရာအကြီးအမှူးများက ပူးပေါင်းဆောင်ရွက်သွားကြရန်မေတ္တာရပ်ခံအသိပေးကြေညာထားကြောင်းသိရှိရသည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ