နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စကော့တလန်အသင်း ခံစစ်ကစားသမား တီယာနေး တံကောက်ကြောဒဏ်ရာကြောင့် လာမည့်ပွဲစဉ်လွဲချော်မည်

ဇွန် ၂၁

ယူရိုပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားခဲ့သည့် စကော့တလန်အသင်း နှင့် ဆွစ်ဇာလန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ် ခဲ့သည့် ပွဲစဉ်တွင် စကော့တလန်အသင်း ခံစစ်ကစားသမား တီယာ နေးအနေဖြင့် တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ဟန်ဂေရီအသင်းနှင့် နောက်ဆုံးကစားရမည့် ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ပွဲစဉ်တွင် တီယာနေးသည် စကော့တလန်အသင်း အတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့သော်လည်း ပွဲကစားချိန် ၆၁ မိနစ်တွင် ဒဏ်ရာရရှိခဲ့သောကြောင့် အသင်းဖော် ကစားသမား မက်ကန်နာနှင့် လူစားလဲထွက်ခွာခဲ့ရသည်။

လက်ရှိတွင် စကော့တလန်အသင်းက တီယာနေး၏ တံကောက် ကြောဒဏ်ရာကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ဒဏ်ရာအခြေအနေမှာ အနည်းငယ် ပြင်းထန်သည့်အတွက် ကစား သမားအနေဖြင့် ဇွန် ၂၄ ရက်တွင် ကစားရမည့် ဟန်ဂေရီအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။

ဆွစ်ဇာလန်နှင့် ပွဲစဉ်တွင် စကော့တလန်အသင်းသည် ရမှတ် တစ်မှတ်ရယူနိုင်ခဲ့သောကြောင့် အုပ်စုမှ ကျော်ဖြတ်နိုင်ရန် အခွင့် အရေးရှိနေဆဲဖြစ်ပြီး နောက်ဆုံးပွဲစဉ်တွင် ဟန်ဂေရီအသင်းကို ဂိုးပြတ်အနိုင်ရရှိပါက ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် မျှော်လင့် ချက်ရှိနေဆဲ ဖြစ်သည်။                                                       







သူရိန်






အခြားဆက်စပ်သတင်းများ