နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်ရှိ ရှေးခေတ် ကျောက်တုံးများ မှုတ်ဆေးဖြန်း ဖျက်ဆီးခံရ

လန်ဒန်၊ဇွန် ၂၁

 ဗြိတိန်နိုင်ငံရှိ စတုန်းဟန့်ချ် ရှေးဟောင်းကျောက်တုံးများကိုသဘာ၀ ပတ်ဝန်းကျင်အရေး ဆန္ဒဖော်ထုတ် သူများက မှုတ်ဆေးဖြန်း၍ ဖျက်ဆီး နေသည့် ဗီဒီယိုဖိုင် အွန်လိုင်းတွင် ထွက် ပေါ်လျက်ရှိသည်။

 အွန်လိုင်းပေါ် တက်လာသည့် ဗီဒီယိုတွင် လိမ္မော်ရောင် ဆေးအမှတ် အသားများကို ကမ္ဘာကျော် မယ်ဂါ လစ်သစ်ကျောက်တုံးများပေါ်တွင် တွေ့ရပြီး ရှေးဟောင်းအမွေအနှစ် များကို ဖျက်ဆီးနေသည့် လူနှစ်ဦးကို ဖမ်းဆီးထားကြောင်း ဗြိတိန်ဒေသခံ ရဲများက ပြောသည်။

ယင်းတို့သည် သဘာ၀ပတ်ဝန်းကျင် ရေးရာအဖွဲ့ Just Stop Oil က ဖြစ်ပြီး အဆိုပါအဖွဲ့သည် ဗြိတိန်အစိုးရ၏ ၂၀၃၀ ခုနှစ် ရေနံ ၊ သဘာ၀ဓာတ်ငွေ့၊ ကျောက်မီးသွေး ထုတ်လုပ်မှုများကို အဆုံးသတ်ပေးရန် လိုလားနေသည့် အဖွဲ့အစည်းဖြစ်သည်။

အင်္ဂလန်တောင်ပိုင်းရှိ ရှေးဟောင်း ကျောက်တုံးများသည် ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်ပြီး ဗြိတိန် ခရီးသွားများ ဝင် ရောက်ကြည့်ရှုမှု အများဆုံးနေရာတစ်ခုဖြစ်ကာ ယင်း အမွေအနှစ်ကျောက်တုံးများကို ထိန်းသိမ်း စောင့်ရှောက်မှုလုပ်နေသည့် English Heritage ကမူ ယခုဖြစ်စဉ်အပေါ် လတ်တလော မှတ်ချက်ပေး တုံ့ပြန်ခြင်း မရှိကြောင်း သိရသည်။






(ref:Reuters)






အခြားဆက်စပ်သတင်းများ