နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်ပန်ဒါ သုတေသနစင်တာတွင် အမှိုက်ပစ်သည့် ကမ္ဘာလှည့်ခရီးသွား ၁၂ ဦး ပြည်ဝင်ခွင့်ပိတ်ခံရ

ပေကျင်း၊ဇွန် ၂၁

တရုတ်နိုင်ငံ၏ လူသိများသည့် ပန်ဒါဝက်ဝံ သုတေသနနှင့်မွေးမြူ ရေးစင်တာတွင် တားမြစ်စည်းကမ်း ချက်များကို ချိုးဖောက်သည့် ခရီး သွား တစ်ဒါဇင်ခန့် ပြည်ဝင်ခွင့် ပိတ်ခံ ရကြောင်း သိရသည်။

 ပန်ဒါသုတေသန အခြေစိုက် စခန်းတွင် ပြစ်မှုကျူးလွန်သူများသည် အသက် ၂၆ နှစ်မှ ၆၁ နှစ်ကြားရှိပြီး ယင်းတို့သည် မျှစ်၊ စီးကရက်ကဲ့သို့ အမှိုက်များကို ပန်ဒါများရှိသည့် ခြံ အတွင်း ပစ်ချကာ ကြက်ဥနှင့်ပေါင်မုန့် ကိုလည်း ခြံထဲလွှင့်ပစ်ကြသည်ဟု အာဏာပိုင်များက ဆိုသည်။

တရုတ်နိုင်ငံ၏ အကျော်ကြားဆုံး ဆွဲဆောင်မှုတစ်ခုဖြစ်သည့် စီချွမ် ပြည်နယ်ရှိ Giant Panda မျိုးပွားခြင်း ဆိုင်ရာစင်တာကို ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး တစ်နှစ်လျှင် ဧည့် သည် ကိုးသန်းကျော် လာရောက်လေ့ရှိ ကြောင်း သိရသည်။

စင်တာတွင် ပန်ဒါများရှိသည့် ဧရိယာအတွင်း အမှိုက်ပစ်ခြင်း၊ တံတွေး ထွေးခြင်း၊ အစာများစွန့်ပစ်ခြင်းနှင့် ၄င်းတို့ ဘေးကင်းရေးကို ခြိမ်းခြောက် သည့် အခြားအပြုအမူများကို တားမြစ် ထားပြီး စည်းကမ်းချိုးဖောက်သူများကို တစ်နှစ်မှ ငါးနှစ်အထိ ပြည်ဝင်ခွင့် ပိတ်ပင်နိုင်ကြောင်း သိရသည်။                      







(ref: AP)






အခြားဆက်စပ်သတင်းများ