နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေတိုးအကြီးအကဲနေရာ နယ်သာလန်ဝန်ကြီးချုပ် ဆက်ခံမည်

အမ်စတာဒမ်၊ ဇွန် ၂၁

နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ဂ်၏ နေရာကို နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရပ်တာ က ဆက်ခံသွားမည်ဖြစ်ကြောင်း နယ် သာလန်သတင်းဌာနက ထုတ်ပြန် ပြောကြားသည်။ 

ယင်းကို ဟန်ဂေရီနှင့်ဆလိုဗက် ကီးယားတို့က ထောက်ခံကြပြီး ဝါရှင် တန်မြို့တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နှင့်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ ၏ မေးမြန်းချက်ကို မစ္စတာ စတိုလ်တန် ဘာ့ဂ်က ငြင်းဆိုထားခြင်း မရှိကြောင်း သိရသည်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်၏ ထုတ်ပြန်ချက်အရ နေတိုး အကြီးအကဲသစ်ရွေးချယ်မှုကို မိမိ တို့အနေဖြင့် အတည်ပြုနိုင်လုနီးပါး ဖြစ်နေပြီဟု ဆိုထားပြီး နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံ၏ ထောက်ခံမှုဖြင့် ခန့်အပ် ရမည်ဖြစ်ရာ ရိုမေးနီးယားက ကန့် ကွက်မှုရှိနေကြောင်း သိရသည်။ 

မာ့ခ်ရပ်တာသည်ဝန်ကြီးချုပ် အဖြစ် အတွေ့အကြုံ အလွန်များသူ ဖြစ်ပြီး အလားအလာရှိသူဖြစ်သည့် အတွက် နေတိုးအကြီးအကဲနေရာ ဆက်ခံမည့်သူကို မဟာမိတ်အဖွဲ့ က မှန်ကန်စွာ ဆုံးဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း စတိုလ်တန်ဘာ့ဂ် က ပြောသည်။       

   







(ref: Reuters)






အခြားဆက်စပ်သတင်းများ