နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့ (၉၉)ကြိမ်မြောက် မြန်မာ-ထိုင်း နယ်စပ်ရေးရာကော်မတီ အစည်းအဝေးကျင်းပ

တာချီလိတ် ဇွန် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၉၉)ကြိမ် မြောက် မြန်မာ-ထိုင်း နယ်စပ် ရေရာကော်မတီ အစည်း အဝေးကို နှစ်နိုင်ငံ တာဝန်ရှိ သူများက ယမန်နေ့ နံနက်ပိုင်းက 1G1-11 ဟိုတယ်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ထိုင်း နိုင်ငံဘက်မှ ကျောက်တာ့ခ် လှုပ်ရှားတပ်ဖွဲ့၊ ဗျူဟာမှူး ဗိုလ်မှူးကြီး နထီးထင်း(မ်)စိန် ဦးစီးသည့်အဖွဲ့ဝင်များနှင့် မြန်မာဘက်မှ အမှတ်(၁၃၃)ခြေလျင်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး အောင်လင်းဦး ဦးစီး သည့်အဖွဲ့ဝင်များတက်ရောက် ခဲ့ကြပြီး နှစ်နိုင်ငံကိုယ်စားလှယ် အဖွဲ့ဝင်များက နှစ်နိုင်ငံ နယ်စပ် ဒေသလုံခြုံရေးဆိုင်ရာကိစ္စရပ် များ၊ ကုန်သွယ်စီးဆင်းမှု ချောမွေ့စေရေးဆိုင်ရာ ကိစ္စရပ် များ၊ တရားဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာဘက်မှ ဖမ်းဆီးရမိသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းပြုလုပ်သူ ထိုင်းနိုင်ငံသား ၁၅၄ ဦးအား အရေးယူဆောင်ရွက်မှုများ၊ နှစ်နိုင်ငံမှ အလိုရှိနေသည့် နယ်စပ်ဖြတ်ကျော် တရားခံပြေး များအား ကူညီစုံစမ်း ဖမ်းဆီး/ လွှဲပြောင်းပေးအပ်မှုများ၊ တော မီးရှို့ခြင်းနှင့်မီးခိုးမြူငွေ့ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများနှင့် အသိပညာပေးခြင်း လုပ်ငန်း ဆောင်ရွက်မှုများကို နှစ်နိုင်ငံ မှ သက်ဆိုင်ရာ ဌာနတာဝန်ရှိ သူများက ကဏ္ဍအလိုက် အပြန် အလှန် ဆွေးနွေးကြသည်။








ခရိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ