ဇွန် ၂၀
ယူရိုပြိုင်ပွဲ အုပ်စု (F) ပွဲစဉ် အဖြစ် ပေါ်တူဂီအသင်းက ချက် အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ပေါ် တူဂီ အသင်းအတွက်ပါဝင် ကစားခဲ့သည့် တိုက်စစ်မှူးစီရော် နယ်ဒိုသည် ယူရိုပြိုင်ပွဲ သမိုင်းတစ် လျှောက် ခြောက်ကြိမ် မြောက် အထိ ပါဝင်နိုင်ခဲ့သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ကြောင်းသိရသည်။
အသက် ၃၉ နှစ်အရွယ်ရှိ တိုက်စစ်မှူး စီရော်နယ်ဒိုသည် ၂၀၀၄ ခုနှစ် ယူရိုပြိုင်ပွဲမှစတင် ကာ ပေါ်တူဂီအသင်း အတွက် ပါဝင်ခွင့်ရခဲ့ပြီး ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀ နှင့် ယခု ၂၀၂၄ ယူရိုပြုင်ပွဲတို့တွင် ပါဝင်နိုင်ခဲ့ပြီး နောက် ခြောက်ကြိမ်မြောက် ပါဝင်ခဲ့သည့် ပထမဆုံးကစား သမားဖြစ်လာခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ပေါ်တူဂီအသင်းကို ယူရို ချန်ပီယံဆုဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ထို့ပြင် တိုက်စစ်မှူးစီရော် နယ်ဒိုသည် ယူရိုပြိုင်ပွဲသမိုင်း တွင် သွင်းဂိုး ၁၄ ဂိုးထိသွင်းယူ ထားသည့် မှတ်တမ်းကောင်း ကို ရရှိခဲ့သည့်အပြင် ၂၀၂၀ယူရို ပြိုင်ပွဲတွင်လည်း သွင်းဂိုးငါးဂိုး ထိသွင်းယူ နိုင်ခဲ့သောကြောင့် ပြိုင်ပွဲ တစ်ခုအတွင်း ဂိုးအများ ဆုံးသွင်းယူနိုင်သည့် စံချိန်ကို လည်း ရရှိထားသည်။
သူရိန်