လန်ဒန်၊ဇွန် ၂၀
တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု ကိစ္စသည် ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်နေကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်က အီတလီတွင် ကျင်းပနေသည့် G7 ထိပ် သီးအစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများအကြောင်း G7 ထိပ်သီး အစည်းအဝေးတွင်လည်း ဗြိတိန်ဝန်ကြီးချုပ်က ထည့်သွင်း ဆွေးနွေးခဲ့ပြီး ဗြိတိန်ကာကွယ်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ် ဆောင်သင့်ကြောင်း ယင်းက ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများ အရေး ကိစ္စသည် အာဖရိကရှိ တရားမဝင် စီးဆင်းမှုများကို တားဆီးရန် ဥရော ပတိုက်ကို တွန်းအားပေးနေသည့် အိမ်ရှင် အီတလီ ဝန်ကြီးချုပ် မယ်လိုနီ အတွက်လည်း အရေးပါသည့် ပြဿနာဖြစ်ကြောင်း သိရသည်။
G7 ထိပ်သီးအစည်းအဝေး ပထမနေ့တွင် G7 နိုင်ငံများသည်ဆိုင်းငံ့ ထိန်းချုပ်ထားသည့် ရုရှားပိုင်ဆိုင်မှု များမှရရှိသည့် ငွေဖြင့် ယင်းတို့ကို ကျောထောက် နောက်ခံပြုထားသည့် ယူကရိန်းကို ချေးငွေ ဒေါ်လာ ဘီလျံ ၅၀ ပေးအပ်ရန် ကနဦးသဘောတူညီ ထားသည်။
(ref:Reuters)