နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နာမည်ကြီးတိုက်စစ်မှူးတွေရဲ့ အခက်အခဲဆုံးနောက်ခံလူတွေ အမှန်ပင်ရှိနေ

  ဇူလိုင်   ၄


လက်ရှိ နိုင်ငံတကာဘောလုံးလောကရဲ့ နာမည်ကြီးတိုက်စစ်မှူးကြီးတွေဖြစ်တဲ့ စီရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာလဲ သူတို့ကစားခဲ့ပြီးပွဲတစ်လျှောက် သူတို့အတွက် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတဲ့ နောက်ခံလူတွေ ဆိုတာရှိစမြဲပဲလို့ ဝန်ခံပြောဆိုကြပါတယ်။ မက်ဆီကတော့ ကိုယ်အကောင်းဆုံးပုံစံ၊ အကောင်းဆုံးအခြေအနေရှိမနေတာမျိုး၊ တစ်ဖက်ခံစစ်က ကောင်းလွန်းနေတာမျိုးတွေနဲ့ ကြုံတွေ့ခဲ့ရချိန်မှာ  ရင်ဆိုင်ဖူးခဲ့သမျှအတွင်း အခက်အခဲဆုံးဖြစ်ခဲ့ရပါတယ်လို့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ဖူးပါတယ်။ 

မက်ဆီက “ကျွန်တော့်ကို မာကင်ကပ်ကစားက စိတ်အနှောင့်အယှက်မပေးဘူး၊ တစ်ယောက်ယောက်က အနားမှာ အမြဲတမ်းလိုလို လိုက်ကပ်ကစားတာလည်း ခဏခဏမကြုံရပါဘူး၊ ထူးဆန်းတာကတော့ ဂျီရွန်နာအသင်းက ပါဘလိုမာဖီယိုကတော့ ကြုံဖူးသမျှနောက်ခံလူတွေထဲမှာ အခက်အခဲဆုံး မာကင်ကပ် ကစားတဲ့သူဖြစ်နေတယ်” ဟု ဖွင့်ပြောဖူးပါတယ်။


ရော်နယ်ဒိုကတော့  သူ့ကိုအခက်အခဲဆုံး ရပ်တန့်စေခဲ့သူဟာ ပရီးမီးယားလိဂ်က အက်ရှလေကိုးလ် လို့ဆိုပါတယ်။ နှစ်တော်တော်ကြာ ကျွန်တော်နဲ့ကိုးလ်ထိပ်တိုက် ကျော်ဖြတ်ခဲ့ရတာတွေလုပ်ခဲ့ရပါတယ်။ ကိုးလ်က မြန်တယ်၊ မာတယ်၊ ထိပ်တန်းအဆင့်ခံစစ်ကစားသမားဖြစ်တယ်၊ ကျွန်တော်ခြေစွမ်းမပြနိုင်ချိန်၊ ကံဆိုးနေတဲ့အချိန်တွေမှာ ကိုးလ်ကိုခက်ခက်ခဲခဲနဲ့ ကျော်ဖြတ်ကစားခဲ့ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ တိုက်စစ်မှူး နှစ်ဦးစလုံးကတော့ ခံစစ်သမားတွေကိုပဲ ချီးကျူးထားကြပါတယ်။

  SO






အခြားဆက်စပ်သတင်းများ