နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုက်စစ်မှူး အမ်ဘတ်ပီ ပြင်သစ်အိုလံပစ်အသင်းအတွက် ပါဝင်ကစားပေးနိုင်မည်မဟုတ်

ဇွန် ၁၉

ပြင်သစ်လက်ရွေးစင်တိုက် စစ်မှူး အမ်ဘတ်ပီသည် ရီးရဲလ် မက် ဒရစ်အသင်း၏ ခွင့်ပြုချက် မရသဖြင့် အိုလံပစ် ပြိုင်ပွဲတွင် ပြင်သစ်အသင်းအတွက်ပါဝင် ကစားပေးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အသက်၂၅နှစ်အရွယ်ရှိ တိုက်စစ်မှူး အမ်ဘတ်ပီသည် ယခင်က ပြင်သစ်တွင် ကျင်းပ မည့် အိုလံပစ်ပြိုင်ပွဲတွင်ပါဝင် ကစားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သော်လည်း အိုလံပစ်ပြိုင်ပွဲ သည် ဖီဖာက ရေးဆွဲထားသည့် ပြိုင်ပွဲ တစ်ရပ်မဟုတ်သဖြင့်ကလပ် အသင်းအများစုက ကစားသမား များကို စေလွှတ်မည်မဟုတ် ကြောင်း သိရသည်။

“ကျွန်တော့်အနေနဲ့လာ မယ့် အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်နိုင် မှာ မဟုတ်တော့ပါဘူး။အိုလံပစ် ပြိုင်ပွဲဝင်ဖို့ အသင်းသစ်အနေ နဲ့ လက်မခံခဲ့သလို ကျွန်တော့် အနေနဲ့လဲ စွန့်စားမှုမလုပ်ချင် တော့ပါဘူး၊ဒါပေမယ့်ပြင်သစ် အသင်းရဲ့ ပွဲစဉ်တိုင်းကိုကျွန်တော် အမြဲအားပေးနေမှာပါ။ အသင်း အနေနဲ့လဲ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု အမ်ဘတ် ပီက ပြောကြားခဲ့သည်။

ယခုလ အစောပိုင်းက ထုတ် ပြန်ခဲ့သည့် အိုလံပစ်ပြိုင်ပွဲ အတွက် ရွေးချယ်ထားသည့် ပြင်သစ်အသင်း ကစားသမား ၂၅ ဦးစာရင်းတွင် အမ်ဘတ်ပီ ပါဝင်ခြင်းမရှိသော်လည်းနည်းပြ ဟင်နရီက ပြင်သစ်အသင်းသည် အမ်ဘတ်ပီ အတွက် အမြဲတမ်း တံခါးဖွင့်ထားကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။








သူရိန်






အခြားဆက်စပ်သတင်းများ