ဆိုးလ်၊ ဇွန် ၁၉
မြောက်ကိုရီးယားစစ်သားများသည် လုံခြုံရေးတင်းကြပ်ထားသည့် နယ်စပ် လိုင်းကို ဖြတ်ကျော်လာသဖြင့် တောင် ကိုရီးယား စစ်တပ်ဘက်က သတိပေး ပစ်ခတ်မှုများ ပြုလုပ်ထားရကြောင်း တောင်ကိုရီးယားစစ်တပ်က ဇွန် ၁၈ ရက်တွင် ထုတ်ပြန်သည်။
ယခုဖြစ်ရပ်သည် သီတင်း နှစ်ပတ်အတွင်း ဒုတိယမြောက် ဖြစ်ပွားသည့် မြောက်ကိုရီးယား၏ နယ်စပ်ဖြတ်ကျော်မှုဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်ကလည်း အလားတူ နယ်စပ်ဖြတ်ကျော်မှုကြောင့် တောင် ကိုရီးယားဘက်က သတိပေးပစ်ခတ် ခဲ့ရကြောင်း သိရသည်။
နယ်စပ်ဧရိယာတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုများကြောင့် မြောက် ကိုရီးယားစစ်သားများ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများရှိကြောင်း တောင် ကိုရီးယားစစ်တပ်က အသိပေးထား သည်။
မြောက်ကိုရီးယားသည်တောင် ကိုရီးယားနှင့် ၂၀၁၈ ခုနှစ်တွင် ရရှိ ထားသည့် စစ်ရေးသဘောတူညီချက် ကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာက ပြောဆိုပြီးနောက် တပ် ဖွဲ့ဝင်များနှင့်လက်နက်ပစ္စည်းများကို နယ်စပ်သို့ ထပ်တိုးချထားကြောင်း သိရသည်။
(ref:Reuters)