ရီယာ့ဒ်၊ ဇွန် ၁၉
ဆော်ဒီအာရေဗျနိုင်ငံတွင် အပူချိန်ပြင်းထန်မှုကြောင့် ဟာ့ဂျ် ဘုရားဖူးလာသူ ဂျော်ဒန်နိုင်ငံသား ၁၄ ဦး သေဆုံးသွားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၁၈ ရက်တွင် တရားဝင် ထုတ်ပြန်သည်။
အလားတူ အီရန်ဘုရားဖူး ငါးဦးလည်း သေဆုံးသွားသည်ဟု အီရန် ဘာသာရေးအဖွဲ့က အတည်ပြုထားပြီး ပျောက်ဆုံးသူများလည်းရှိသဖြင့် လက်ရှိတွင် ယင်းတို့ကို သက်ဆိုင်ရာ နိုင်ငံ့အာဏာပိုင်များနှင့်ပူးပေါင်း ရှာဖွေနေကြောင်း ဆော်ဒီတာဝန် ရှိသူများက ပြောသည်။
ဟာ့ဂျ်ဘုရားဖူးခြင်းသည် ကမ္ဘာ တစ်ဝန်းဘုရားဖူးများ စုဝေးလာရောက် ခြင်းဖြစ်ပြီး ယခုနှစ်တွင် ၁ ဒသမ ၈ သန်းကျော်ရှိကာ နေ့အပူချိန် ၄၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိလာခြင်း ကြောင့် ရိုးရာအရ ရင်ပြင်တွင် ခြေဗလာ နှင့်လမ်းလျှောက်ရသည့် အသက်ကြီး သူများကို ပိုမိုထိခိုက်စေကြောင်း သိရ သည်။
ဆော်ဒီကျန်းမာရေး ဝန်ကြီးဌာန သည် ဘုရားဖူးများကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲ မထွက်ရန်နှင့် ရေဓာတ်ခန်းခြောက် မှုမရှိရန် အကြံပြု ထားပြီး ပြီးခဲ့သည့်နှစ် ဟာ့ဂျ်ဘုရားဖူး ကာလအတွင်း အပူချိန်ကြောင့် အနည်းဆုံး လူ ၂၄၀ သေဆုံးခဲ့ကြောင်း သိရသည်။
(ref: Reuters)