နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းတွင် ကိုဗစ်-၁၉ မျိုးဗီဇသစ် KP.2 ဖြစ်ပွားမှု မြင့်တက်လာနိုင်

ဘန်ကောက်၊ ဇွန် ၁၉

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ မျိုး ဗီဇသစ် KP.2 သည် ပိုမိုအဖြစ် များ လာဖွယ်ရှိပြီး အဆိုပါ မျိုးကွဲသစ်ကြောင့် ကာကွယ်ဆေးများ အမီလိုက်နိုင်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း ချူလာလောင် ကွန်းတက္ကသိုလ်၏ ဆေးဘက်ဆိုင်ရာ ရောဂါဗေဒဌာနက ထုတ်ပြန်သည်။

သို့ရာတွင် KP.2 ၏ လက္ခဏာ များသည် ယခင် ဗိုင်းရပ်စ်များထက် ပိုမိုပြင်းထန်ခြင်း မရှိကြောင်းဖော်ပြ ထားပြီး ချူလာလောင်ကွန်းတက္ကသိုလ် ၏ ဆေးဘက်ဆိုင်ရာ ရောဂါပိုးဗေဒ ဌာန ပရော်ဖက်ဆာယွန်ပူးဗိုရာ ဝမ်၏ ပြောကြားချက်အရ ပြီးခဲ့သည့်နှစ် အတွင်း JN.1 ကိုဗစ်-မျိုးဗီဇသည် ပြည်တွင်း၌ အဖြစ်များခဲ့ကြောင်း သိရ သည်။

 KP.2 သည် JN.1 နေရာ တွင် အစားထိုးဝင်ရောက် ပျံ့နှံ့ လာခြင်းဖြစ်ပြီး KP.2 မျိုးကွဲ ကူးစက် ခံရသည့်အခါ အပြင်းအထန် ဖျားနာ ခြင်းမျိုး မဖြစ်နိုင်သော်လည်း ရောဂါ ပိုးပျံ့နှံ့မှုနှုန်း ပိုမိုမြန်ဆန်နိုင်ပြီး ယင်း သည် ခန္ဓာကိုယ်ထဲရှိ ရောဂါ ကာကွယ် ပေးသည့် ပဋိပစ္စည်းများကိုပါ ရှောင်ရှား နိုင်ကြောင်း သိရသည်။

လက်ရှိအသုံးပြုနေသည့် ကိုဗစ် ဆေးများသည် XBB.1.5 မျိုးဗီဇမှ ထုတ်လုပ်ထားသည့်အတွက် ထိ ရောက်မှုနည်းပါးပြီး အဖြစ်များနေ သည့် JN.1. မှ KP.2 သို့ မပြောင်း မီ ကာကွယ်ဆေးအသစ် ထုတ်လုပ်ရန် အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တိုက်တွန်းထားကြောင်း သိရသည်။

ယခုလ ပထမအပတ်အတွင်း ထိုင်း တွင် ကိုဗစ် အတွင်းလူနာ ၂၇၆၂ ဦး ရှိရာမှ ဒုတိယပတ်တွင် ၂၈၈၁ဦးထိ မြင့်တက်လာပြီး ကူးစက်မှု ထပ်မံမြင့် တက်လာနိုင်ကြောင်း ရောဂါထိန်းချုပ်ရေး ဌာနက ထုတ်ပြန်သည်။








(ref:Bangkok Post)






အခြားဆက်စပ်သတင်းများ