နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီတွင် စံချိန်တင်ကိုကင်းများ ဖမ်းမိ

ဘာလင်၊ ဇွန် ၁၉

ဂျာမနီတွင် ယူရိုဘီလီယံပေါင်း များစွာ တန်ဖိုးရှိသည့် ကိုကင်းများ စံချိန်တင်ဖမ်းဆီးရမိကြောင်း ဂျာမန် ဘဏ္ဍာရေးဝန်ကြီး ခရစ္စတီယန်လင်ဒါ က ဇွန် ၁၈ ရက်တွင် ပြောကြားသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျာမနီနိုင်ငံတစ်ဝန်း စီးနင်းမှုများ ပြုလုပ် ပြီးနောက် လူခုနစ်ဦးကို ဖမ်းဆီးမိပြီး မောက်ဟမ်းဘတ်ဆိပ်ကမ်းတွင် ၂၄ ဒသမ ၅ တန်၊ နယ်သာလန်တွင် ရှစ်တန်နှင့် အီကွေဒေါတွင် နောက်ထပ် သုံးတန်ခန့် ကိုကင်းများ သိမ်းဆည်း ရမိကြောင်း ဝန်ကြီးလင်ဒါက ပြော သည်။

အိုပီ ပလက်ဇပ်စ်ဟု အမည်ပေး ထားသည့် အဆိုပါ စုံစမ်းစစ်ဆေးမှု တွင် တရားမဝင်ရရှိမှုများနှင့် ဇိမ်ခံကားများ အိမ်ခြံမြေများကဲ့သို့ ရာဇဝတ်မှုမြောက်သည့် ပိုင်ဆိုင်မှု များကို ရှာဖွေခြင်းလည်း ပါဝင်ကြောင်း မစ္စတာ လင်ဒါက ပြောသည်။

နိုင်ငံအတွင်း ရာဇဝတ်ဂိုဏ်းများ၏ ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို အလုံး စုံဖော်ထုတ် သိမ်းယူပြီးမှသာ ဂိုဏ်း ကွန်ရက်များ ပျက်စီးမည်ဖြစ်ရာ ယင်း တို့ကို အမြစ်ပြတ်ချေမှုန်းမည်ဖြစ် ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီ မှ စက်တင်ဘာအတွင်း စုစုပေါင်း ကိုကင်း ၃၅ ဒသမ ၅ တန်ခန့် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။








(ref: AP)






အခြားဆက်စပ်သတင်းများ