မော်စကို၊ ဇွန် ၁၉
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇွန် ၁၈ ရက်နှင့် ၁၉ ရက်များတွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
ယခုခရီးစဉ်သည် ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ရုရှားနှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေး အလျင်အမြန် တိုးတက်လာသည် ကို ဖော်ပြခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာလက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် ရုရှားသို့ လာရောက်စဉ်သမ္မတပူတင်ကို ဖိတ် ကြားသွားခြင်း ဖြစ်သည်။
သမ္မတပူတင်သည် လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် ဇူလိုင်လက မြောက် ကိုရီးယားသို့ နောက်ဆုံးရောက်ရှိ ခဲ့ပြီး ယခု ခရီးစဉ်အတွင်း ရုရှားနှင့်မြောက် ကိုရီးယားသည် လုံခြုံရေးကိစ္စရပ်များ အပါအဝင် ရင်းနှီးချစ်ကြည်ရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးနိုင်ဖွယ်ရှိကြောင်း ရုရှားနိုင်ငံခြား ရေးအကြံပေး ယူရီအူရှာကော့ဗ်က ပြောသည်။
သမ္မတပူတင်သည် မြောက်ကိုရီး ယားခရီးစဉ် ပြီးဆုံးပါက ဇွန် ၂၀ရက်တွင် ဗီယက်နမ်သို့ ဆက်လက်သွားရောက် မည်ဖြစ်ကြောင်း ကရင်မလင်ဌာနချုပ် က ထုတ်ပြန်သည်။
(ref: Reuters)