ဇွန် ၁၈
မန်ယူအသင်းသည်ဗဟိုခံ စစ်ပိုင်းအတွက် စပို့တင်းလစ္စ ဘွန်းအသင်းတွင် ခြေစွမ်းပြသ နေသည့် အင်နာစီယိုကို စာချုပ် ဖျက်သိမ်းကြေး စတာလင်ပေါင် ၅၁ သန်းဖြင့် ခေါ်ယူရန်ပြင်ဆင် လျက်ရှိကြောင်း သိရသည်။
အသက် ၂၂ နှစ်အရွယ်ရှိ ခံစစ် ကစားသမား အင်နာစီယိုကို လီဗာပူးအသင်းအနေဖြင့်ပြီးခဲ့ သည့်နှစ် နိုဝင်ဘာကတည်းက ခေါ်ယူရန် ကြိုးပမ်းနေသည့် အပြင် နည်းပြသစ်အာနီစလော့ ကလည်း နွေရာသီအပြောင်း အရွှေ့တွင် ဦးစားပေးခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း မန်ယူ အသင်းက လက်ဦးမှု ရယူနိုင်ရန် စာချုပ်ဖျက်သိမ်းကြေးပေးချေ၍ ခေါ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လူငယ်ကစားသမား အင်နာ စီယိုသည် ၂၀၂၀ ပြည့်နှစ်က စပို့တင်းလစ္စဘွန်းအသင်းနှင့် ကစားသမားဘဝ စတင်ခဲ့ပြီး နောက် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၇၁ ပွဲတွင် သွင်းဂိုး ၁၅ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဘောလုံးရာသီကလည်း အသင်း အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ပါဝင် ကာ သွင်းဂိုး လေးဂိုးထိသွင်းယူ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် ဥရောပထိပ်သီး ကလပ်အသင်း များ၏ စိတ်ဝင်စားမှုကိုခံနေရ ခြင်းဖြစ်သည်။
လက်ရှိတွင် အင်နာစီယိုသည် စပို့တင်းလစ္စဘွန်းအသင်းနှင့် စာချုပ်သက်တမ်းသုံးနှစ်ကျန် ရှိနေသော်လည်း စာချုပ်ဖျက် သိမ်းကြေးမှာ စတာလင်ပေါင် ၅၁ သန်းသာရှိသဖြင့် မန်ယူအသင်း က ခေါ်ယူရန် ဆွေးနွေးမှုပြုလုပ် နေခြင်းဖြစ်သည်။
သူရိန်