နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အယ်ဖွန်ဆိုဒေးဗိစ်ကို ရောင်းချမည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်း ထုတ်ပြန်

ဇွန် ၁၈

ဘိုင်ယန်မြူးနစ်အသင်း သည် အသင်းနှင့် စာချုပ်သက် တမ်းတစ်နှစ်ကျန်ရှိနေသည့်ခံစစ် ကစားသမားအယ်ဖွန်ဆိုဒေးဗိစ် ကို နွေရာသီအပြောင်းအရွှေ့ ကာလတွင် ရောင်းချမည်မဟုတ် ကြောင်း ထုတ်ပြန်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်း သည် အယ်ဖွန်ဆိုဒေးဗိစ်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆို ရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ ရာ  ကစားသမားနှင့် သဘောတူညီမှု မရဘဲ စာချုပ်သက်တမ်းနောက် ဆုံးနှစ်သို့ ရောက်ရှိလာသော် လည်း အသင်းတွင် ဆက်လက် ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ပြီးလာ မည့်နှစ် စာချုပ်သက်တမ်း ကုန် ဆုံးချိန်မှသာ ထွက်ခွာခွင့်ပြု မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်ရီးရဲလ်မက်ဒရစ် အသင်းက အယ်ဖွန်ဆိုဒေးဗိစ် ကို ခေါ်ယူရန် ကာလရှည်ကမ်း လှမ်းမှုများ ပြုလုပ်ခဲ့ပြီး လာမည့် နွေရာသီတွင် ခေါ်ယူနိုင်ရန် ကစားသမားနှင့် အကြိုသဘော တူညီမှုရယူနိုင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာခွင့်မပြုခဲ့သဖြင့် လာ မည့် နှစ်မှသာအလွတ်ပြောင်း ရွှေ့ခွင့်ဖြင့် ခေါ်ယူနိုင်မည်ဖြစ် သည်။

အယ်ဖွန်ဆိုဒေးဗိစ်သည်ယခု နှစ် ဘောလုံးရာသီတွင်ပြိုင်ပွဲစုံ ၄၂ ပွဲ၌ သွင်းဂိုး သုံးဂိုးနှင့် ဂိုးဖန် တီးမှု ငါးကြိမ်ပြုလုပ်နိုင်ခဲ့ကာ အသင်း၏ အဓိကကစားသမား တစ်ဦးအဖြစ် ပွဲထွက်ခွင့်ရရှိနေ သူဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ