မင်းဘူး ဇွန် ၁၈
မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနက ယခု ဘဏ္ဍာနှစ်မိုးရာသီသစ်ပင်ပျိုးရန် ကျောက်တန်းအမြဲတမ်းပျိုး ဥယျာဉ်တွင် လူထုဖြန့်ပျိုးပင် ပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားရှိပြီးဒေသခံပြည်သူများအနေဖြင့် အခမဲ့ လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း ပြည်သူလူထုထံဖြန့်ဝေပေးမည့် ပျိုးပင်များမှာ ကျွန်း၊ ပိတောက်၊ ယင်းမာ၊ ကုက္ကိုလ်၊ မာတာကွတ်၊ ယူကလစ်၊ စိန်ပန်း ကြီး၊ တမာ၊ ထိုင်ဝမ်ဗန်ဒါ၊ မယ်ဇယ်၊ ဆီသပြေ၊ ဇီးနှင့် မျှင်ဝါးစသည့် ပျိုးပင်အမျိုးအစား ၁၃ မျိုးကို အခမဲ့ ဖြန့်ဝေပေးသွားမည် ဖြစ် ကြောင်းသိရသည်။
CN-032