နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဇီလန်ဝန်ကြီးချုပ် ဂျပန်ခရီးစဉ် လေယာဉ်စက်ချို့ယွင်း

ဝယ်လင်တန်၊ ဇွန် ၁၈

နယူးဇီလန်ဝန်ကြီးချုပ် ခရစ် တိုဖာလပ်ဇန် လိုက်ပါလာသည့် ကာကွယ်ရေးဌာနလေယာဉ်သည် ဂျပန်နိုင်ငံကိုပျံသန်းသည့် ခရီးစဉ် အတွင်း စက်ချို့ယွင်းမှုကြောင့် အခြားခရီးသည်တင်လေကြောင်း လိုင်းတစ်ခုဖြင့် ဂျပန်ကို ဆက်လက် သွားရောက်ရကြောင်း ဝန်ကြီးချုပ် ရုံးက ပြောကြားသည်။

မစ္စတာလပ်ဇန်သည်ဂျပန်နိုင်ငံ တွင် လေးရက်ကြာ ရှိနေမည်ဖြစ်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် တွေ့ဆုံမည်ဖြစ်ကာ ဂျပန်တွင် နယူး ဇီလန်၏ စီးပွားရေးလုပ်ငန်းမြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

၎င်းလိုက်ပါလာသည့် ဘိုးရင်း - ၇၅၇ လေယာဉ်သည် ပါပူဝါနယူးဂီနီ နိုင်ငံတွင် ဆီဝင်ဖြည့်ချိန်အတွင်း စက်ချို့ယွင်းသွားခြင်းဖြစ်ပြီး ၎င်းနှင့် အတူလိုက်ပါလာသူများသည် မြို့တော် မိုရက်စ်ဘီတွင် သောင်တင်နေဆဲ ဖြစ် ကြောင်း သိရသည်။

နယူးဇီလန်ကာကွယ်ရေးဌာနပိုင် ဘိုးရင်း ၇၅၇ လေယာဉ်နှစ်စင်း၏ သက်တမ်းသည် နှစ် ၃၀ ကျော်နေ ပြီဖြစ်ကာ ပျံသန်းရန် လုံခြုံစိတ်ချရ ခြင်းမရှိတော့ဘဲ ပျံသန်းမှု ပိုင်းဆိုင်ရာ ပြဿနာများ ဆက်တိုက်ကြုံနေရ ကြောင်း နယူးဇီလန် ကာကွယ်ရေး ဝန်ကြီး ဂျူးဒစ်ကောလင်းက ပြောသည်။

နယူးဇီလန် ကာကွယ်ရေးဌာနသည် သက်တမ်းကြာမြင့်နေသည့် စက်ပစ္စည်း များကို ထိန်းသိမ်းရေးအပြင် လုံလောက် သည့် စစ်မှုထမ်းများ ထိန်းသိမ်းထား ရမည့် အရေးကိစ္စများကိုလည်းစီမံ နေရကြောင်း သိရသည်။







(ref: Reuters)






အခြားဆက်စပ်သတင်းများ