နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေ့ပြောင်းများကို မူဝါဒသစ်ဖြင့် အမေရိကန် နှင်ထုတ်

ဝါရှင်တန်၊ဇွန် ၁၈

သမ္မတဘိုင်ဒင်အစိုးရ၏မူဝါဒ သစ်ကြောင့် အမေရိကန်-မက္ကဆီကို နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက် လာသူ ရွှေ့ပြောင်းများသည် ခိုလှုံ ခွင့်တောင်းခံရန် ခက်ခဲသွားပြီးနေရပ် သို့ အမြန်ပြန်ပို့လိုက်ကြောင်း အမေ ရိကန် နယ်စပ်တာဝန်ရှိသူများက ဇွန် ၁၇ ရက်တွင် ထုတ်ပြန်သည်။

သတင်းများတွင် ဖော်ပြချက်အရ အယ်လ်ပါဆိုလေဆိပ်တွင် ဂွာတီမာ လာသို့ လေယာဉ်ဖြင့်ပို့ဆောင်ကာ အလျင်အမြန်ဖယ်ရှားနေသည့် ရွှေ့ ပြောင်းနေထိုင်သူ ၁၀၄ ဦးရှိပြီး အများ စုသည် ချည်နှောင်ခံထားရကာ လေယာဉ်ပေါ်မှမဆင်းမီ ကြိုးများ ကိုဖယ်ရှားပေးမည်ဖြစ်ကြောင်း သိရ သည်။

အချို့ရွှေ့ပြောင်းများသည် ပထမ ဆုံး လေယာဉ်စီးရမည့်အရေးပေါ်  စိုးရိမ်ထိတ်လန့်နေသည်ကို တွေ့ရပြီး ယင်းတို့သည် လေယာဉ်ပေါ်တွင် အစားအသောက် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ရရှိကြကာ လိုအပ်သည့်ဆေးဝါးများလည်းရရှိကြောင်း သိရသည်။

လက်ရှိတွင် အယ်လ်ပါဆိုအရှေ့ မြောက်ဘက် သဲကန္တာရရှိရွှေ့ပြောင်း များကို စီမံဆောင်ရွက်ပေးနေသည့် စခန်းသို့ ရောက်ရှိလာသော ရွှေ့ပြောင်း အများစုသည် ပြည်နှင်ဒဏ် အပေး ခံရပြီး မူလနိုင်ငံသို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြသည်။     








 (ref:Reuters)






အခြားဆက်စပ်သတင်းများ