ရန်ကုန် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ဌာနမှူးများ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း ကသင်္ဃန်းကျွန်းမြို့နယ်၊အခြေခံ ပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ)၌ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး သန်လျင်မြို့နယ်၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပရာ ကျိုက်ခေါက်ဘုရားဝင်းအတွင်း မိုးရာသီသစ်ပင် စိုက်ပျိုးပေးပြီး လိုအပ်သည်များ မှာကြားသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၅)ရပ်ကွက်၊ သံသုမာလမ်းရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး ရေး၊ မွေးမြူရေးအထက်တန်း ကျောင်း(သုဝဏ္ဏ)သို့ သွား ရောက်၍ ကျောင်းအတွင်း ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်း၍ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သဖြင့် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က Excavator ယန္တရားယာဉ်ဖြင့် ရေဆင်းမြောင်းတူးဖော်နေမှု နှင့် ကျောင်းရှေ့ရေမြောင်းအတွင်း အမှိုက်နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး၊ ကျောင်း အတွင်း မြက်ပင်ချုံနွယ်များ ရှင်းလင်းရန်၊ ရေဝပ်သည့်နေရာ များတွင် သဲအိတ်များခင်းကျင်း ရန်နှင့် ကျောင်းအဝင်လမ်းတစ် လျှောက် ကတ္တရာကွန်ကရစ် ခင်းကျင်းရန် မှာကြားပြီးလိုအပ် သည်များကို သက်ဆိုင်ရာဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် သန်လျင်မြို့နယ်၊ စာ-၇ သို့
စာ-၁၂ ရေစီးရေလာကောင်း မွန်ရေးလုပ်ငန်းများ မှ
ဘုရားကုန်းကျေးရွာ၊ကျိုက် ခေါက်ဘုရားဝင်းသို့ သွားရောက် ၍ သန်လျင်မြို့နယ်စည်ပင် သာယာရေးအဖွဲ့က စီစဉ်ဆောင် ရွက်သော ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲတော်တွင် တိုင်းဒေသကြီး စည်ပင်သာ ယာရေးအဖွဲ့၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ သန်လျင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့်အတူ မဟော်ဂနီပင်(၁၂၀) ကို စိုက်ပျိုးကြပြီး ကျိုက်ခေါက် ဘုရားဝင်းရှေ့ ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်နှင့်မြက်ပင် ချုံနွယ်များ ရှင်းလင်းရန် မှာ ကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
သတင်း - သွင်မောင်မောင်
ဓာတ်ပုံ - ကျော်သူထက်