ရန်ကုန် ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် များသည် ဇွန် ၁၆ ရက်က မှော်ဘီမြို့နယ်၊ အမှတ် (၄)လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ပတ် လမ်း၊ ကွန်ကရစ်လမ်းအသစ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မင်္ဂလာဒုံမြို့နယ် တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀) တွင် ကတ္တရာ ထပ်ပိုးလွှာလှူဒါန်းခြင်း၊ဆေး နှင့် ဆေးဝါးပစ္စည်းများလှူဒါန်း ပွဲ အခမ်းအနားနှင့် မရမ်းကုန်း မြို့နယ်၊ စွယ်တော်မြတ်စေတီ တော်၏ မင်္ဂလာကန်တော် အတွင်း (လူလျှောက်လမ်း) တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်-ပြည်လမ်း မိုင်(၂၉/၄ မှ ၂၉/၅)နှင့် အမှတ် (၄) လမ်းဆုံရှိ စစ်ဆေးရေးဂိတ် ပတ်လမ်း အရှည်(၄၃၃)ပေ၊ အကျယ်(၁၈)ပေအား ကွန် ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး အမြင်မတင့်တယ် သော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းရေးနှင့်မိုး ရာသီကာလတွင်ရေကြီးရေလျှံ ခြင်းမှ ကာကွယ်နိုင်ရန်အတွက် အုတ်စီရေမြောင်းများ တည် ဆောက်ရန် တာဝန်ရှိသူများ အား ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)သို့ ရောက်ရှိပြီး ကတ္တရာလမ်း ထပ်ပိုးလွှာလှူ ဒါန်းခြင်း၊ ဆေးနှင့်ဆေးဝါး ပစ္စည်းများလှူဒါန်းခြင်း အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားရာတွင် ဆေးရုံတက်လူနာများ အဆင် ပြေချောမွေ့စွာသွားလာနိုင် ရေးအတွက် အလျား(၃၁၅၀) ပေ၊ အကျယ် (၁၂)ပေရှိသော ကတ္တရာလမ်းထပ်ပိုးလွှာခင်း ပေးခြင်းဖြစ်ကြောင်း၊ထို့ပြင် ဆေးကုသမှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက်ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပေး ခြင်းဖြစ်ကြောင်းနှင့်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိ သော ဆေးရုံတပ်မှူးနှင့် တာဝန် ရှိပုဂ္ဂိုလ်များအားလုံးကိုလည်း နိုင်ငံတော်အတွက် တစ်ထောင့် တစ်နေရာမှ တတ်စွမ်းသမျှ ကုသဆောင်ရွက်ပေးခြင်းကို အလွန်ပင် ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဆေး နှင့် ဆေးပစ္စည်းများကိုလှူဒါန်း ရာ ဆေးရုံတပ်မှူးကလက်ခံ ရယူပြီး၊ ကတ္တရာလမ်းထပ်ပိုး လွှာလှူဒါန်းခြင်းနှင့်ဆေးနှင့် ဆေးပစ္စည်းများလှူဒါန်းခြင်း အတွက် ဆေးရုံတပ်မှူးက ဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ် တမ်းလွှာများ ပြန်လည်ပေး အပ်ပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှူဒါန်းထားရှိသည့် ဆေးနှင့် ဆေးပစ္စည်းများကို ကြည့်ရှုပြီး ကတ္တရာလမ်းထပ်ပိုးလွှာခင်း ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်၊စွယ်တော် မြတ်စေတီတော် မင်္ဂလာကန် တော်အတွင်း RC Driving Pile အခြေပြု သံကူကွန်ကရစ် တံတား (လူလျှောက်လမ်း) အရှည် ၇၇ဝ ပေ၊ အကျယ် ၇ ပေ တည်ဆောက်နေမှုကို လိုက်လံကြည့်ရှုရာတာဝန်ရှိ သူများက ဆောင်ရွက်နေသည့်လုပ်ငန်း များကို ရှင်းလင်းတင်ပြကြ သည်။
ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ စိတ်အေးချမ်းသာစွာအနားယူ အပန်းဖြေနိုင်ရေး၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရေး၊ ကန်ပတ်ဝန်း ကျင်သန့်ရှင်း သာယာလှပရေး ဆောင်ရွက်ရန်၊ ကန်ဘေးပတ် ဝန်းကျင် အလင်းရောင်ကောင်း စွာရရှိရေး၊ လျှပ်စစ်မီးများ ထွန်းရန်နှင့် လိုအပ်သည်များ မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့် လည်ကြည့်ရှုစစ်ဆေး သည်။
ဝင်းမင်း(ပြန်ဆက်)