ဇွန် ၁၅ ရက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ကြီးကြပ်၍ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ရပ်ကွက်နေပြည်သူများပူးပေါင်းအင်အား (၉၂)ဦးဖြင့် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်း မြက်ဖြတ်စက်နှစ်လုံးအသုံးပြု၍ မြက်ပင်ချုံနွယ် များခုတ်ထွင်ရှင်းလင်းခြင်း၊Chain Saw တစ်လုံးအသုံးပြု၍ သစ်ပင် အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်း ဖွင့်ခြင်း၊စွန့်ပစ်အမှိုက််များသိမ်းဆည်းခြင်း၊သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများလှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးရေမြောင်းအတွင်းရှိ အမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ထွက်ရှိ အမှိုက်၊သစ်ကိုင်းသစ်ခက်များကို ယာဉ်တစ်စီးဖြင့်သိမ်းဆည်းသယ် ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လမ်းတစ်လျှောက်နေအိမ်များရှိရေစည်ရေကန်များအားအဘိတ်ဆေးခတ်ခြင်း၊ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း၊လမ်းသွားလမ်းလာများကို ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်းတို့ ဆောင်ရွက်ကြ စဉ်။
မိုးမြင့်မောင်