နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
One Tourist One Tree အစီအစဉ်ကို မြန်မာနိုင်ငံဒေသ ခြောက်ခုတွင် ဆောင်ရွက်မည်

ရန်ကုန်  ဇွန်  ၁၇

မြန်မာနိုင်ငံသို့လာရောက်လည်ပတ်သည့် ခရီးသွားများအနေဖြင့် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် One Tourist One Tree အစီအစဉ်ကို ခရီးစဉ်ဒေသခြောက်ခုတွင် လာမည့်ဇူလိုင်မှ နိုဝင်ဘာအထိ ဆောင်ရွက် သွားမည်ဖြစ်သည်။ 

အဆိုပါအစီအစဉ်ကို နေပြည်တော်၊ ပုဂံ၊ ရန်ကုန်၊  မန္တလေး၊ ငွေဆောင်နှင့် ချောင်းသာစသည့် ဒေသခြောက်ခုတွင် ကနဦးဆောင်ရွက် သွားရန် စီစဉ်လျက်ရှိသည်။

One Tourist One Tree အစီအစဉ်သည် မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သည့် ခရီးသွားများအနေဖြင့် တာဝန်သိ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်လာရန်၊ ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။

ပြည်ပခရီးသွားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ရာတွင် အဖွဲ့လိုက် လာရောက်ခြင်း၊ တစ်ဦးတည်းလာရောက်ခြင်း၊ ခရီးသွားကုမ္ပဏီများနှင့် လာရောက်ခြင်းများရှိနေပြီး ခရီးသွားများ လာရောက်သည့်ဒေသများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ခရီးသွား ကုမ္ပဏီများနှင့်လည်း ညှိနှိုင်းထားသည်။                                                          







(008)






အခြားဆက်စပ်သတင်းများ