ဇွန် ၁၅ရက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက် နေပြည်သူများပူးပေါင်းအင်အား ၈၀ဦးဖြင့် သာယာကုန်းရပ်ကွက်၊ စက်ရုံလမ်း (မအူကုန်းစည်ပင်အိမ်ရာဝင်းနှင့်အောင်သပြေ လမ်းကြား)တွင် စနေနေ့အထူးစုပေါင်းလုပ်အားပေးဆောင်ရွက်ကြရာ လမ်း တစ်လျှောက်ရေစီးရေလာကောင်းမွန်စေရေး အရှည် ၂၅၀ ပေ၊ အကျယ် ၂ ပေ၊ အနက် ၁ ပေခန့်ရှိ အုတ်ရေမြောင်းအတွင်းမှ အမှိုက် နှင့်မြောင်းချေးများဆယ်ယူရှင်းလင်းခြင်း၊ ရေဆင်းဖြတ်မြောင်း နှာပေါက်များအတွင်းရှိ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းခြင်း၊ လမ်းဘေးရှိစွန့်ပစ်အမှိုက််များသိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲခဲများလှည်းကျင်းရှင်းလင်း၍ သန့်ရှင်းရေးပြုလုပ်ခြင်း၊ တြိဂံပန်းခြံ အတွင်းရှိ မြက်ပင်ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက် တက်များရှင်းလင်းခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများကို ယာဉ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူစွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် နေအိမ်များ အတွင်း ရေစည်ရေကန်များ အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ် ပြုလုပ်ခြင်း၊လမ်းသွားလမ်းလာများကို ကျန်းမာရေးပညာပေး လက် ကမ်းစာစောင်များပေးဝေခြင်းတို့ကို ဆောင်ရွက်ကြစဉ်။
ယဉ်မွန်