နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါရင့်ခံစစ်ကစားသမား ဟမ်းမဲလ် ဒေါ့မွန်အသင်းမှ ထွက်ခွာ

ဇွန် ၁၇ ဒေါ့မွန်အသင်း ဝါရင့်ခံစစ် ကစားသမား ဟမ်းမဲလ်သည် နည်းပြ တာဇစ် ထွက်ခွာပြီး နောက် မိမိအနေဖြင့်လည်း အသင်းမှ ထွက်ခွာမည်ဖြစ် ကြောင်း ကြေညာခဲ့သည်။ ဒေါ့မွန်အသင်းသည် ဇွန်လ ကုန်တွင် အသင်းနှင့် စာချုပ် သက်တမ်းကုန်ဆုံးမည့် ဟမ်းမဲလ် ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့ရာ သက်တမ်းတိုး ရန် သဘောတူညီမှုရရှိထားသော် လည်း ကစားသမားအနေဖြင့် နည်းပြ တာဇစ် ထွက်ခွာပြီး နောက်ပိုင်း အသင်းမှ အလွတ် ပြောင်းရွှေ့ခွင့်နှင့် ထွက်ခွာမည် ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ် သည်။ အသက် ၃၅ နှစ်အရွယ်ရှိ ခံစစ်ကစားသမား ဟမ်းမဲလ် သည် ၂၀၀၆ ခုနှစ်က ဘိုင်ယန် မြူးနစ်အသင်းနှင့် ကစားသမား ဘဝကို စတင်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်တွင် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ပြိုင်ပွဲစုံ ၃၀၅ ပွဲတွင် သွင်းဂိုး ၂၅ ဂိုး သွင်းယူ နိုင်ခဲ့သောကြောင့် ၂၀၁၆ ခုနှစ် တွင် ဘိုင်ယန်မြူးနစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ဘောလုံး ရာသီ သုံးရာသီ ကစားခဲ့ပြီး နောက် ဒေါ့မွန်အသင်းနှင့် ယနေ့ အထိ ပြန်လည်ပူးပေါင်းခဲ့ကာ အဆိုပါ အသင်းများနှင့်အတူ ဘွန်ဒက်စ်လီဂါ ဆုဖလား ခြောက်ကြိမ်၊ ပိုကယ်ဖလား သုံး ကြိမ်၊ စူပါဖလား ခြောက်ကြိမ် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ