နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူရိုပြိုင်ပွဲတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် ယာမယ် မှတ်တမ်းဝင်

ဇွန်  ၁၇

ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စု ပွဲစဉ်အဖြစ် ကစားခဲ့သည့် စပိန် အသင်းနှင့် ခရိုအေးရှားအသင်း တို့ပွဲစဉ်တွင် စပိန်အသင်း လူငယ် တောင်ပံကစားသမား ယာမယ်  သည် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက် အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရ သည်။

စပိန်အသင်းနှင့် ခရိုအေးရှား အသင်းတို့ပွဲစဉ်တွင် ပါဝင်ကစား ခဲ့သည့် ယာမယ်၏ အသက်မှာ ၁၆ နှစ်နှင့် ၃၃၈ ရက်သာရှိသေး သည့်အတွက် ယူရိုပြိုင်ပွဲသမိုင်း တစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့ခြင်းဖြစ်သည်။

ယာမယ်သည် ယခုနှစ် ဘောလုံးရာသီတွင် ဘာစီလိုနာ အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်း ကစားသမားစာရင်း၌ ပါဝင်လာ ခဲ့ပြီး အုပ်စုအဖွင့်ပွဲစဉ်တွင်လည်း အကောင်းဆုံး ခြေစွမ်းပြသနိုင် ခဲ့သည်။

ထို့ပြင် ယာမယ်သည် ကာဗာ ဂျယ်၏ သွင်းဂိုးကို ဖန်တီးပေး နိုင်ခဲ့ပြီးနောက် ယူရိုပြိုင်ပွဲ၏ အသက်အငယ်ဆုံး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သည့် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ ကြောင်း သိရသည်။








သူရိန်






အခြားဆက်စပ်သတင်းများ