မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၃၃ ကေဗွီ ယုဇန-သိမ်ဖြူ-ကန်တော်ကြီး ဖီဒါတစ်လျှောက်ရှိ အန္တရာယ်ရှိ သစ်ပင်ကြီးများ၏ သစ်ကိုင်းကြီး များကို ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ဓာတ်အားလိုင်းများ စစ်ဆေး ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဇွန် ၁၄ ရက်၊ နံနက် ပိုင်းက သီးခြားဓာတ်အားပိတ် ဆောင်ရွက်ခြင်းမပြုဘဲ အုပ်စု အလှည့်ကျ ဓာတ်အားပိတ်ချိန်တွင် ဆောင်ရွက်ရာတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ လျှပ်စစ် မန်နေဂျာနှင့် လျှပ်စစ်အင်ဂျင်နီယာတို့က အနီးကပ်ကြီးကြပ်၍ ယင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံး ဝန်ထမ်းများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားကွင်း များဌာန ဝန်ထမ်းများ စုစုပေါင်း ၃၂ ဦး၊ Pluck Form Truck တစ်စီး၊ အမှိုက်သိမ်းယာဉ် နှစ်စီး၊ လုပ်ငန်းသုံးယာဉ် နှစ်စီးတို့ဖြင့် ဆောင်ရွက်ကြစဉ်။
ချစ်ဆောင်(YESC)