နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံယိုဖိတ်မှုကြောင့် စင်ကာပူ ဆန်တိုဆာ အပန်းဖြေကမ်းခြေ ပိတ်ထား

စင်ကာပူ၊ဇွန် ၁၇

စင်ကာပူ ဆိပ်ကမ်းတစ်ခုတွင် ရေနံယိုဖိတ်မှုဖြစ်ပွားခြင်းကြောင့် ကမ်းခြေ ဇိမ်ခံအိမ်များ တည်ရှိနေသည့် စင်ကာပူနိုင်ငံ၏ ထိပ်တန်း အပန်း ဖြေကျွန်း ဆန်တိုဆာကမ်းခြေကို ဇွန် ၁၆ ရက်ကစ၍ ပိတ်ထားကြောင်း ရေကြောင်း အာဏာပိုင်များကထုတ်ပြန် သည်။ 

နယ်သာလန်နိုင်ငံ အလံလွှင့် ဆွဲသင်္ဘောတစ်စင်းနှင့်စင်ကာပူ နိုင်ငံအလံလွှင့် ရေနံတင် ဘန်ကာ သင်္ဘောငယ်တစ်စင်းတို့သည် Pasir Panjang သင်္ဘောဆိပ်အနီး တိုက်မိ ခြင်းကြောင့် လောင်စာဆီယိုဖိတ်ခြင်း ဖြစ်ကြောင်း စင်ကာပူရေကြောင်းနှင့် ဆိပ်ကမ်း အာဏာပိုင်အဖွဲ့(MPA) က ပြောသည်။ 

ဆီယိုဖိတ်မှုကြောင့် ကမ်းခြေ ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင် ရန် ကျွန်းပေါ်ရှိ နာမည်ကြီး ကမ်းခြေ သုံးခု၏ ရေပြင်များကို ပိတ်ထားပြီး လက်ရှိတွင် ရေယာဉ်တစ်စင်းစေလွှတ် ကာ ဆီဖြန်းဆေးများပက်ဖျန်းခြင်း၊ ရေမျက်နှာပြင်ပေါ်ရှိ ဆီများကိုလိုက်လံ စုပ်ယူခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း ကျွန်းအုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

ဆန်တိုဆာကမ်းခြေသည် စင်ကာပူသို့ ရောက်ရှိလာသူများနှင့် သူကြွယ်များအတွက် ဇိမ်ခံကမ်းနား နေအိမ်များ တည်ရှိနေသည့် နာမည် ကြီး ခရီးသွားနေရာတစ်ခုဖြစ်ပြီးယခု ဖြစ်စဉ်ကြောင့် ရေကြောင်း သွားလာရေး အပေါ် သက်ရောက်မှုမရှိကြောင်း သိရ သည်။                             








(ref:CNA)






အခြားဆက်စပ်သတင်းများ