နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ် တံတိုင်းတည်ဆောက်

ပြုံယမ်း၊ ဇွန် ၁၇

မြောက်ကိုရီးယားသည် တောင် ကိုရီးယားနှင့်နှစ်နိုင်ငံ နယ်စပ် တစ်လျှောက် စစ်မဲ့ဇုန်(DMZ) ရှိ ၎င်းတို့ဘက်ခြမ်းတွင် တံတိုင်း ဆောက်ခြင်း နှင့် လမ်းဖောက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ 

ကျွန်းဆွယ်ကို ပိုင်းခြားထားသည့် စစ်ဘက်ဆိုင်ရာ နယ်နိမိတ်မျဉ်း (MDL) နှင့် စစ်မဲ့ဇုန်၏ မြောက်ဘက် စွန်းအကြား ၁ ဒဿမ ၂ မိုင် အကျယ် ရှိ ဧရိယာတွင်  ယခုလ တံတိုင်း တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် တံတိုင်းအမြင့်နှင့် အကျယ်ပမာဏ အတိုင်းအတာကို ထုတ်ပြောခြင်းမရှိဘဲ ယခုလအစော ပိုင်းက သံတူရွင်းနှင့်ဂေါ်ပြား ကိုင် ဆောင်ထားသည့် မြောက်ကိုရီးယား တပ်ဖွဲ့ဝင်အချို့ MDI ကို ယာယီ ဖြတ်ကျော်ခဲ့မှုကြောင့် တောင်ကိုရီး ယားတပ်ဖွဲ့ဝင်များက သတိပေးပစ်ခတ် မှုများရှိခဲ့ကြောင်း သိရသည်။ 

မြောက်ကိုရီးယားသည် အမှိုက် ထုပ် မိုးပျံပူဖောင်းများကိုတောင် ကိုရီးယားသို့ ပို့လွှတ်ခဲ့ကာ တောင် ကိုရီးယားဘက်ကလည်း ဝါဒဖြန့် လော်စပီကာ ထုတ်လွှင့်မှုများ ပြန်လုပ်  လာခြင်းကြောင့် ကိုရီးယားနှစ်နိုင်ငံ အကြား ဆက်ဆံရေးသည် တင်းမာမှု ဆက်ဖြစ်နေကာ နှစ်နိုင်ငံ နယ်စပ်အနီး ရာနှင့်ချီသည့် တပ်ဖွဲ့ဝင်များနှင့် လက်နက်ကြီး အများအပြားကို နေရာ ချထားသည်။                   









 (ref: AFP)






အခြားဆက်စပ်သတင်းများ