နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၈၁ နှစ်အရွယ် အမေရိကန်အမျိုးသမီး ကမ္ဘာ့အသက်အကြီးဆုံး ရထားမောင်းသူအဖြစ် မှတ်တမ်းဝင်

ဝါရှင်တန်၊ ဇွန် ၁၇

အမေရိကန်နိုင်ငံ မက်ဆာချူး ဆက်ပင်လယ်အော် သယ်ယူပို့ဆောင် ရေး အာဏာပိုင်အဖွဲ့တွင် ရထား မောင်းနှင်နေသည့် အသက် ၈၁နှစ် အရွယ် အမျိုးသမီးကြီးကို ကမ္ဘာ့အသက် အကြီးဆုံး ရထားမောင်းနှင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်အဖွဲ့က အသိ အမှတ်ပြုလိုက်ပြီ ဖြစ်သည်။

ဟယ်လင်အန်တီနူဆီ အမည်ရှိ သူမသ

ည် အသက် ၅၅ နှစ်အရွယ် ၁၉၉၅ ခုနှစ်ကတည်းက ရထားမောင်း အလုပ်ကို စတင်ခဲ့ကာ Blue Line ရထားများကို နှစ်ပေါင်း ၃၀ နီးပါး မောင်းနှင်ခဲ့သည်ဟု ဆိုသည်။

လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဟယ်လင့်ကိုယ်စား ကမ္ဘာ့စံချိန်တင်ရန်  ဂင်းနစ်အဖွဲ့သို့ ပေးပို့လျှောက်ထား လိုက်ခြင်း ဖြစ်ပြီး စံချိန်တင်ကြောင်း ဂင်းနစ်အဖွဲ့က အတည်ပြုပြီးမှသာ ဟယ်လင်ကို အသိပေးခဲ့ခြင်း ဖြစ်သည်။

သူမအနေဖြင့် ရထားမောင်းအလုပ် က အနားယူရန် အစီအစဉ်မရှိသေး ကြောင်း၊ အဖွဲ့အစည်းကလည်း အနား ယူစေမည်ဟုမထင်ကြောင်းနှင့်သူမ အတွက် ရထားမောင်းရခြင်းသည် သာမာန်အေးဆေး တည်ငြိမ်စွာ လုပ်ကိုင်ရသည့် ပုံမှန်လုပ်ငန်းခွင်သာဖြစ်ကြောင်း ဟယ်လင်က ဆိုသည်။          








(ref:BBC)






အခြားဆက်စပ်သတင်းများ