ဇွန် ၁၅ ရက်က မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးတို့ ကြီးကြပ်၍ ဌာနဆိုင်ရာများပူးပေါင်းအင်အား ၇၀ ဦးဖြင့် စနေနေ့ အထူးစုပေါင်း လုပ်အားပေးဆောင်ရွက်ကြရာ ကျောင်းဝင်းအတွင်း မြက်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်၊ သဲ၊ခဲများလှည်းကျင်းရှင်းလင်းသိမ်းဆည်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျောင်းရှိရေစည်၊ရေကန်အတွင်း အဘိတ်ဆေးခတ်ခြင်း၊စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်းများဆောင်ရွက်ကြစဉ်။
သွင်မောင်မောင်