နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာသုံးစက်ကိရိယာဝယ်ယူရေး JICA Two-Step Loan ဖြင့် ကျပ် ၃၀ ဘီလီယံကျော် ထုတ်ချေးရန်လျာထား

ရန်ကုန်  ဇွန်  ၁၇

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း လယ်ယာသုံး စက်ကိရိ ယာ ဝယ်ယူလိုသည့် တောင်သူ များအတွက် JICA Two-Step Loan ဖြင့် ငွေကျပ် ၃၀ ဘီလီယံ ကျော် ထုတ်ချေးပေးရန် လျာ ထားကြောင်း သိရသည်။

အဆိုပါ ချေးငွေကို တောင်သူ တစ်ဦးလျှင် အများဆုံး ငွေကျပ် သိန်း ၇၀၀ အထိ လည်းကောင်း တောင်သူလယ်သမား အစုအဖွဲ့ တစ်ဖွဲ့လျှင်အများဆုံးငွေကျပ် သိန်း ၅၀၀၀ အထိလည်းကောင်း ထုတ်ချေးပေးရန်  စီစဉ်ထား ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ သိရှိရသည်။

"အခု ဘဏ္ဍာနှစ်ထဲမှာ လယ်ယာသုံး စက်ကိရိယာ ပစ္စည်းဝယ်ဖို့ တောင်သူတွေကို JICA Two-Step Loan နဲ့ ငွေကျပ် ၃၀ ဘီလီယံကျော်ကို ထုတ်ချေးပေးဖို့ လျာထားဆောင် ရွက်နေပါတယ်။ ထုတ်ချေးတဲ့ အခါ တောင်သူတွေကို ငွေပေး လိုက်မှာမျိုးမဟုတ်ဘဲ သူတို့ ဝယ်ယူလိုတဲ့ လယ်ယာသုံး စက် ကိရိယာရောင်းချတဲ့ ကုမ္ပဏီကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် က ငွေပေးချေပေးမှာဖြစ်တယ်" ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တာဝန်ရှိသူက ပြော သည်။

အဆိုပါ ချေးငွေအစီအစဉ် ဖြင့် လယ်ယာသုံး စက်ပစ္စည်း ဝယ်ယူလိုသည့် တောင်သူများ အနေဖြင့် လယ်ယာမြေပုံစံ (၇) ကို အမည်ပေါက် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ မရွှေ့ပြောင်းနိုင်သော အိုးအိမ်ပစ္စည်းတို့ကိုလည်း အာမခံအနေဖြင့် တင်ပြနိုင်ရ မည့်အပြင် စီးပွားရေး ခိုင်မာ သေချာသည့် လုပ်ငန်းရှင်နှစ်ဦး က အာမခံပေးရန် သတ်မှတ် ထားပြီး ယင်းစည်းကမ်းချက် များနှင့်ကိုက်ညီသည့်တောင်သူ များအနေဖြင့် JICA Two-Step Loan ချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာခရိုင်ဘဏ်ခွဲများ နှင့်မြို့နယ်ဘဏ်ခွဲများတွင် လျှောက်ထားနိုင်သည်။

ယင်းချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ဆောင်ရွက် ခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် လယ်ယာသုံး စက်ကိရိယာ ပစ္စည်းများဝယ်ယူလိုသည့် တောင်သူများအား ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း သိရသည်။








အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ