ရန်ကုန် ဇွန် ၁၇
ရန်ကုန်တိုင်းဒသကြီး၊ ကျောက်တန်းမြို့နယ်အတွင်း မိုးသည်း ထန်ရွာသွန်းမှုကြောင့် ဇွန် ၁၄ရက် မွန်းလွဲ၂ နာရီခွဲက ကမာက လုပ်ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ကမာကလုပ်ဖီဒါဖြင့် ဓာတ်အား ပေးထားသောချောင်းဝကျေးရွာနှင့်မီးပြကျေးရွာကြားတွင် တာပေါင် များ မြေပြိုကာ ၁၁ ကေဗွီ ဓာတ်အားလိုင်းတိုင် ရှစ်တိုင်ပြိုလဲ ကျိုးကျပျက်စီးမှုဖြစ်ပွားပြီး ချောင်းဝကျေးရွာ၊ ဘော်ကလွတ် ကျေးရွာ၊ သနပ်ပင်ချင်းကျေးရွာ၊ အငူကျေးရွာနှင့်ခမယ်ကျေးရွာများ ယာယီဓာတ်အားပြတ်တောက်သွားသည်။
အများပြည်သူ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားပြန် လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပျက်စီးသွားသည့် ဓာတ်အား လိုင်းနှင့်တိုင်များ ဖယ်ရှားရှင်းလင်းခြင်း၊ အစားထိုးပြန်လည်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ တောင်ပိုင်း ခရိုင်၊ ကျောက်တန်းမြို့နယ်လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိပြီး ယင်းကျေးရွာငါးရွာကို ၁၁ ကေဗွီကိုပန်းတော ကျေးရွာဖီဒါမှ ယာယီပြောင်းလဲဓာတ်အားပေးနိုင်ရေး စီစဉ် ဆောင်ရွက်ကာ ည ၇နာရီတွင် ဓာတ်အားပြန်လည်ဖြန့်ဖြူးပေး သည်။
ချစ်ဆောင် (YESC)