နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟန်းမြို့နယ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

ရန်ကုန်  ဇွန်  ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူရေး လူထုအသိပညာပေးဆိုင်း ဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီတွင် ကမ္ဘာအေးဘုရားလမ်း နှင့်ကြားတောရလမ်းထိပ် ၌ ကျင်းပသည်။

ရှေးဦးစွာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး မြေစိုက်ပိုစတာ ဆိုင်းဘုတ် ကို ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုလတ်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးခိုင်၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင့်လွင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ (ပုံ)

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးဦးခင်မောင်သန်း က သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား သန်းခေါင်စာရင်း အထိမ်းအမှတ် လက် ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များ၊ လူ စည်ကားရာနေရာများတွင် အသိပညာပေး လက် ကမ်းစာစောင်များ ဖြန့်ဝေကြသည်။









အောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ