နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့တော်ဝန် ဦးဗိုလ်ဌေး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော် ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က  သာကေတမြို့နယ်၊  ၇/အရှေ့ ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးနေမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်း ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သံသုမာလမ်းထောင့်တွင် မြေယာ ရှုခင်းဆောင်ရွက်နေမှု၊ ကမာရွတ် မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံ ခြားဘာသာတက္ကသိုလ်(ရန်ကုန်) ရှေ့မြေအောက်မြောင်း ရေစီးရေ လာ‌ကောင်းမွန်ရေး ဆောင်ရွက် နေမှု၊ အင်းစိန်မြို့နယ်၊ စဉ့်ငူ ရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်) ကျောင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်း များဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၆ နာရီတွင် သာကေတမြို့နယ်၊  ၇/ အရှေ့ ရပ်ကွက်၊ ဧရာဝဏ်လမ်းသို့ သွားရောက်၍ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက စီစဉ် ဆောင်ရွက်သော သာကေတ မြို့နယ် ၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေး  အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့်အတူ ပိတောက်ရွှေဝါ လမ်းနှင့် သာကေတအဝိုင်းအကြား Poulownia ကိုးပင်နှင့် မဟော် ဂနီ (၆၀) ပင်ကို စိုက်ပျိုးပေး သည်။ 

ဆက်လက်၍ မြို့တော်ဝန် နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ စုပေါင်းရပ်ကွက်၊ ဝေဇယန္တာ လမ်းနှင့် သံသုမာလမ်းထောင့် သို့သွားရောက်၍ ရေစုကန်ရေ မြောင်းနှင့်ဝေဇယန္တာလမ်းအကြား မြေဧရိယာ ၀ဒသမ ၁၆၅ ဧက တွင် မြေယာရှုခင်း ဆောင်ရွက် ရန်အတွက် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက မြက်ပင်ချုံနွယ်များ ရှင်းလင်း ခြင်း၊ မြေညှိခြင်း၊ အပင်များ အောက်တက်ရှင်းလင်း၍အုပ်မိုး ကိုင်းများ ဖြတ်ညှိပုံသွင်းအလင်း ဖွင့်ခြင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း ရှိ နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)သို့သွားရောက်၍ ကျောင်းရှေ့ မြေအောက်မြောင်း ရေစီးရေလာ‌ကောင်းမွန်စေရန် အတွက် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က မြောင်းအတွင်းရှိအမှိုက်နှင့် မြောင်းချေးများ၊နုန်းများ ဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြေအောက် မြောင်းသို့စီးဝင်သည့် ရေဆင်း ဖြတ်မြောင်းများ တစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းရန်နှင့်ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားသည်။  

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၊ အောက်မင်္ဂလာဒုံ လမ်း ဆေးဘက်ဆိုင်ရာနည်း ပညာတက္ကသိုလ်(ရန်ကုန်)သို့ သွားရောက်၍ တက္ကသိုလ်ဝင်း သန့်ရှင်းသာယာလှပရေးအတွက် ပန်းဥယျာဉ်နှင့်အားကစားကွင်း များဌာန ဝန်ထမ်းများက တက္ကသိုလ်အဝင်လမ်း တစ်လျှောက် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊သစ်ပင် အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း ဆောင်ရွက်နေမှု ကိုကြည့်ရှုစစ်ဆေးပြီးထိုမှ တစ်ဆင့် အဆုတ်ရောဂါကု ဆေးရုံလမ်းသွယ်(၁)ရှိ တက္ကသိုလ် ဝန်ထမ်းအိမ်ရာ ဝင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများဆောင် ရွက်ရန် မှာကြားပြီး လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။                     







မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ